ချန်ပီယံလိဂ်ဝင်ခွင့်အတွက် TOP 4 ဆီ ပုံမှန်ဖိအားပေးနေတဲ့ လီဗာပူး
လီဗာပူး ၅-၂ ဝက်စ်ဟမ်း (ပွဲပြီးရလဒ်)
အခုအန်းဖီးလ်ကွင်းပွဲစဉ်မှာ အိမ်ရှင်လီဗာပူးနဲ့ ဧည့်သည်ဝက်စ်ဟမ်းတို့ ဂိုးတွေမြိုင်မြိုင်ဆိုင်ဆိုင်သွင်းယူရင်း ဖျော်ဖြေမှုရသအပြည့် ပေးစွမ်းခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး အိမ်ရှင်လီဗာပူးက အီကီတီကီ၊ ဗန်ဒိုက်၊ မက်အယ်လစ္စတာတို့ရဲ့သွင်းဂိုးတွေနဲ့ သုံးဂိုးပြတ်ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာတော့ ဧည့်သည်တွေအတွက် ဆူချက်က ဗွေဆော်ဦးချေပဂိုးသွင်းယူပြီးနောက် အိမ်ရှင်တွေရဲ့နောက်ထပ်ဦးဆောင်ဂိုးကို ဂတ်ပိုက သွင်းယူခဲ့ပါတယ်။ နောက်ပိုင်းမှာ ကာစတယ်လာနို့စ်က နောက်ထပ်ချေပဂိုးသွင်းယူပေမယ့် ဒီဆာစီရဲ့O.G ပေါ်ပေါက်လာလို့ အန်းစလော့ရဲ့အသင်း ဂိုးပြတ်နိုင်ပွဲတစ်ခု ရရှိသွားပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လီဗာပူးရဲ့ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဆက်လက်ရှင်သန်နေပါတယ်။