The network connection is lost.

Banner Image

ဝုဗ်ကို အရေးနိမ့်ပြီးနောက် အက်စတွန်ဗီလာကစားသမားတွေကို အပြစ်တင်ဖို့ ငြင်းဆန်လိုက်တဲ့ အူနိုင်းအမ်မရီ

အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီက ဝုဗ်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး စိတ်ဓာတ်ကျမနေဘဲ အကောင်းမြင်စိတ်နဲ့သာ တုံ့ပြန်သွားပါတယ်။

သောကြာနေ့၊ ဝုဗ်ကို ၂-၀ ဖြင့်ရှုံးနိမ့်မှုက အက်စတွန်ဗီလာရဲ့အမှတ်ပေးချန်ပီယံဆုမျှော်လင့်ချက်ကို အဆုံးသတ်သွားစေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ပရီးမီးယားလိဂ်အမှတ်ပေးဇယားတတိယနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။

ပွဲစဉ်အပြီး အမ်မရီက "အခုလို အံ့သြစရာကောင်းတဲ့ရာသီတစ်ခုကို ဖြတ်သန်းနေမှုအတွက် ကစားသမားအားလုံးကို ဂုဏ်ပြုချင်ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့တွေ တကယ်ကိုကောင်းမွန်ခဲ့ပြီး ပွဲကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့သလို အစောပိုင်းမှာလည်း ဂိုးတွေပေးမခဲ့ရပါဘူး။ ပထမပိုင်းမှာ ကျွန်တော်တို့အတွက် အခုထက်ပိုပြီး ရလဒ်ကောင်း ရရှိသင့်ပါတယ်" လို့ ယုံကြည်ချက်အပြည့် ပြောကြားခဲ့ပါတယ်။

"ဒုတိယပိုင်းမှာတော့ သူတို့က ဘောလုံးတွေကို ပိုပြီးလုယူနိုင်ခဲ့သလို ကျွန်တော်တို့ရဲ့ဂိုးဧရိယာအထိရောက်လာခဲ့ပါတယ်။ သူတို့ ဂိုးရသွားတဲ့အချိန်မှာတော့ ကျွန်တော်တို့အတွက် ပိုပြီးခက်ခဲသွားပါတယ်။ ကျွန်တော့်အမြင်မှာတော့ ကျွန်တော်တို့ဆုံးရှုံးသွားတဲ့အချိန်က နာကျင်အချိန်ပို ၇ မိနစ်ထက်တောင် ပိုများမယ်လို့ ထင်ပါတယ်" လို့ ဆိုပါတယ်။

အက်စတွန်ဗီလာရရှိခဲ့တဲ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ၎င်းက " အမာဒူအိုနာနာမှတစ်ဆင့် အခွင့်အရေးတစ်ခုရခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အခုဖြတ်သန်းနေတဲ့ရာသီကတော့ တကယ်ကို အံ့မခန်းပါပဲ။ ကျွန်တော်တို့ကစားသမားတွေ ပင်ပန်းနေခဲ့သလို ပွဲကိုလည်း ပွင့်ပွင့်လင်းလင်းပဲ ဖွင့်ကစားခဲ့ကြပါတယ်။ သူတို့ဆီမှာလည်း ကစားသမားကောင်းတွေ ရှိပါတယ်။ ဂိုးသွင်းပြီးနောက်မှာတော့ သူတို့က ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိလာခဲ့ပါတယ်" လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

"အခုကတော့ ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ ကိုယ့်ရဲ့လက်ရှိအနေအထားကို နားလည်ထားရမယ့်အချိန် ရောက်ပါပြီ။ ဒီနေ့မှာ ကျွန်တော်တို့လိုချင်တဲ့ရလဒ် မရခဲ့ပေမဲ့ ထိပ်ဆုံးအဆင့်မှာ ဆက်ရှိနေဖို့ဆိုတာတော့ ကျွန်တော်တို့လက်ထဲမှာပဲ ရှိပါသေးတယ်။ ကျွန်တော်ကတော့ ကစားသမားတွေကို အကောင်းမြင်စိတ်ရှိဖို့နဲ့ စိတ်ဓာတ်တက်ကြွအောင်ပဲ တွန်းအားပေးခဲ့ပါတယ်။ ပွဲကို စိုးမိုးထားဖို့နဲ့ ကစားကွက် အရှိန်မပျက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ကျွန်တော်တို့ ဘာလုပ်နေလဲဆိုတာကို သေချာစဉ်းစားပြီး ဆက်လုပ်ခဲ့ကြလို့ပဲ ပွဲကို ကောင်းကောင်းအဆုံးသတ်နိုင်ခဲ့တာပါ။ ကျွန်တော်တို့ အကောင်းဆုံးရာသီတစ်ခုကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ယုံကြည်မှုအပြည့်ရှိနေဖို့ဆိုတာ အဓိကသတင်းစကားပါ"လို့ အမ်မရီက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။