
လီဗာပူးစတားဟာ ပြီးခဲ့တဲ့နွေတုန်းက အသင်းကနေထွက်ခွာဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်လို့ ပရီးမီးယားလိဂ်နည်းပြဟောင်း အခိုင်အမာဆို
ပရီးမီးယားလိဂ်နည်းပြဟောင်း ဘီလစ်က ဆာလကက်ဟာ ကလော့ပ်မထွက်ခွာခင် ပြီးခဲ့တဲ့နွေရာသီတုန်းက ဆော်ဒီမြေကိုပြောင်းဖို့ အသင်းကနေထွက်ခွာဖို့အဆင်သင့်ဖြစ်နေတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ အီဂျစ်သားဟာ ၂၀၂၃ နွေရာသီတုန်းက ဆော်ဒီမြေကိုပြောင်းဖို့ အသည်းအသန်ချိတ်ဆက်ခံခဲ့ရတာဖြစ်ပါတယ်။ အခုချိန်မှာလည်း လီဗာပူးအသင်းနဲ့စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ထဲရောက်လာတာကြောင့် စိတ်ဝင်စားမှုတွေရှိနေဆဲဖြစ်ပါတယ်။
ကလော့ပ်ကတော့ ၂၀၂၃ - ၂၄ ရာသီအကုန်မှာ လီဗာပူးကနေထွက်ခွာခဲ့ပြီး ဆာလက်က လက်ရှိအချိန်အထိ အသင်းမှာဆက်ရှိနေခဲ့ပါတယ်။ ဆော်ဒီမြေကိုပြောင်းဖို့ ချိတ်ဆက်ခံခဲ့ရပေမယ့် အခြေအနေတွေက မတူညီပဲပြောင်းလဲခဲ့တာဖြစ်ပါတယ်။ အဆိုပါအနေအထားနဲ့ပတ်သက်ပြီး ဝက်စ်ဟမ်းနည်းပြဟောင်း ဘီလစ်က “ဒီရာသီ စလော့လက်အောက်မှာ ပြောင်းလဲလာခဲ့တာက သေချာပါတယ်။ ပြီးခဲတဲ့နှစ်က ဆော်ဒီမြေက ချိတ်ဆက်ချိန်မှာ ဆာလက်တစ်ယောက် အသင်းကနေထွက်ခွာဖို့ အဆင်သင့်ဖြစ်ခဲ့တာပါ။
ဆော်ဒီတစ်ခုလုံးကလည်း သူ့အတွက် အဆင်သင့်ဖြစ်ခဲ့သလို ကျွန်တော်တို့လည်း သူအသင်းပြောင်းပြီလို့ ထင်ခဲ့တာပါ။ အဲ့နောက် သူအသင်းမပြောင်းခဲ့တော့ ကျွန်တော် မအံ့သြခဲ့ပါဘူး။ သူက အသင်းကနေထွက်ခွာချင်ချိန်မှာ သူ့အတွက် ဒီလိုအပြောင်းအရွှေ့လာမယ်ဆိုတာကို သိနေခဲ့ပါတယ်။ ဆော်ဒီပရောဂျက်က တစ်နှစ်တည်းမဟုတ်ခဲ့ပါဘူး”လို့ ဘီလစ်က ပြောကြားခဲ့ပါတယ်။ ဆာလက်တစ်ယောက် လာမယ့် ၂၀၂၅ မှာ ဆော်ဒီမြေကိုပြောင်းနိုင်ချေရှိနေပြီး လက်ရှိအချိန်အထိ လီဗာပူးအသင်းနဲ့ စာချုပ်သစ်ကိစ္စက အဆင်မပြေသေးတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အီဂျစ်သားဟာ လီဗာပူးအသင်းကို ဆုဖလားအောင်မြင်မှုတွေရယူနိုင်ဖို့ ကူညီပေးနေပြီး အနာဂတ်အတွက်တော့ အဖြေမသိရသေးတာဖြစ်ပါတယ်။