
အလွန်ဆိုရောက်လာမှုနဲ့အတူ ဘာနေဗျူးကနေထွက်ခွာဖို့ စဉ်းစားလာတဲ့ ရီးရဲလ်စတား
အလွန်ဆိုကိုနည်းပြသစ် ခန့်အပ်ခဲ့ပြီးနောက် ရီးရဲလ်တောင်ပံကစားသမား ရိုဒရီဂိုတစ်ယောက် အသင်းကနေထွက်ခွာဖို့ စဉ်းစားနေပြီး အာဆင်နယ်ကခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ စကိုင်းစပေါ့တ်သတင်းဌာနရဲ့အဆိုအရ ဘရာဇီးတောင်ပံကစားသမားဟာ အာဆင်နယ်ရဲ့ထိပ်တန်းပစ်မှတ်ဖြစ်သလို အနီးကပ်လည်းစောင့်ကြည့်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အသက် ၂၃ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတွေတုန်းက ရီးရဲလ်အသင်းရဲ့အရေးပါတဲ့ကစားသမားဖြစ်ခဲ့ပေမယ့် အလွန်ဆိုလက်အောက်မှာ နည်းစနစ်အသစ်နဲ့အတူ နေရာရဖို့ မသေချာလာတော့တာဖြစ်ပါတယ်။
ရိုဒရီဂိုကတော့ အသင်းကနေထွက်ခွာဖို့ လူသိရှင်ကြားမပြောသေးပေမယ့် အာဆင်နယ်အပါအဝင် အသင်းတော်တော်များများက ခေါ်ယူချင်နေပါတယ်။ လာမယ့်အပတ်ထဲမှာ အနာဂတ်အတွက် ရှင်းရှင်းလင်းသိရဖို့ အလွန်ဆိုနဲ့ ဆွေးနွေးဖွယ်ရှိနေပါတယ်။ အာဆင်နယ်ဘက်က နီကိုဝီလီယံ နဲ့ ရိုဒရီဂိုတို့ကို ပစ်မှတ်ထားနေသလို ဆာနေး နဲ့ မော်ဂန်တို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။ အသက် ၂၃ နှစ်သားဟာ တောင်ပံနေရာအပြင် တိုက်စစ်နေရာမှာပါကစားနိုင်စွမ်းရှိနေတာဖြစ်ပါတယ်။ နည်းစနစ်ပိုင်းကျွမ်းကျင်မှုအပြင် လျင်မြန်မှု ၊ ဖိအားအောက်မှာ စွမ်းဆောင်နိုင်မှုတွေက အာတီတာအတွက် အကျိုးရှိနိုင်တာဖြစ်ပါတယ်။
ကလပ်ကမ္ဘာ့ဖလားပါဝင်ခွင့်ရမှာက ရိုဒရီဂိုအတွက် အခွင့်အရေးကောင်းဖြစ်သလို သတင်းတွေအရလည်း အလွန်ဆိုဟာ အဆိုပါပြိုင်ပွဲအတွင်း ကစားသမားတွေကို အသင်းမှာဆက်ထိန်းထားချင်နေတယ်လို့ သိရပါတယ်။ ရိုဒရီဂိုအနေနဲ့ စွမ်းဆောင်ရည်အပေါ်မူတည်ပြီးတော့ အနာဂတ်အခြေအနေက ပြောင်းလဲဖွယ်ရှိနေပြီး အာဆင်နယ်အပြင် မန်စီးတီး နဲ့ ချဲလ်ဆီးတို့ကလည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေပါတယ်။