The network connection is lost.

Banner Image

ချာကီကို ပီအက်စ်ဂျီထံ ဈေးပေါပေါနဲ့ရောင်းချဖို့ နီးစပ်ခဲ့ဖူးကြောင်း လိုင်ယွန်အသင်းပိုင်ရှင်ဟောင်း ဖွင့်ဟ

ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းပိုင်ရှင်ဟောင်း ဂျွန်တက်ဇ်တာက သူဟာ လက်ရှိမန်စီးတီးမှာခြေစွမ်းပြကစားနေတဲ့ ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ရာယန်ချာကီကို ပြည်တွင်းပြိုင်ဘက် ပီအက်စ်ဂျီထံ ဈေးပေါပေါနဲ့ရောင်းချဖို့ အလွန်နီးစပ်ခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ 
အသက်-၂၂ နှစ်အရွယ်သာရှိသေးတဲ့ ချာကီဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ လိုင်ယွန်အသင်းနဲ့အတူ တောက်ပတဲ့ခြေစွမ်းတွေပြသလာနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ဇွန်လ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာ မန်စီးတီးသို့ ပေါင် ၃၄ သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ပြင်သစ်လက်ရွေးစင်ဟာ ယခုရာသီမှာတော့ နည်းပြ ပက်ဂွါဒီယိုလာလက်အောက်မှာ အသားကျနေပြီဖြစ်ပြီး မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၂၂ ပွဲကစားပြီးချိန်မှာ ၅ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၈ ကြိမ်ပြုလုပ်ထားပါတယ်။ 
သို့သော်လည်း ယခုအခါမှာတော့ လိုင်ယွန်အသင်းပိုင်ရှင်ဟောင်း တက်ဇ်တာရဲ့အဆိုအရ ချာကီရဲ့အနာဂတ်ဟာ သူ့ရဲ့ဆုံးဖြတ်အပေါ်မှာမူတည်ပြီး တစ်မျိုးတစ်ဖုံပြောင်းလဲနိုင်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဩ
တက်ဇ်တာက "တကယ်တော့ ချာကီကို ယူရို ၁၅ သန်းတည်းနဲ့ ပီအက်စ်ဂျီကိုရောင်းဖို့ စီစဉ်ခဲ့တာပါ။ သူ့ရဲ့စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းခွင့်သဘောတူညီချက်မဟုတ်တဲ့ ထူးခြားတဲ့ သဘောတူညီချက်တစ်ခုရှိခဲ့ပါတယ်။ အဲဒီအချက်အရ သူ့အနေနဲ့ အသင်းကနေထွက်ခွာဖို့ အခွင့်အလမ်းတွေရခဲ့ပါတယ်"
"တကယ်လို့သူက ဒီလိုရှုပ်ထွေးတဲ့ စာချုပ်အချက်အလက်တွေမရှိဘဲ ကျွန်‌တော်တို့ရဲ့ ကစားသမားသက်သက်ဆိုရင်တော့ သူ့အတွက်ကျွန်တော်တို့အခုထက်ပိုပြီး ဈေးပိုရခဲ့မှာပါ။ ဒါပေမယ့် သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေးထက်ပိုများတဲ့ ယူရိုသန်း ၃၀ ကျော်အထိရခဲ့တာကလည်း အသင်းရဲ့ဘဏ္ဍာရေးအခြေအနေအတွက် အထောက်အကူပြုခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။