The network connection is lost.

Banner Image

ဘာစီလိုနာဂိုးသမား ဂါစီယာကို စပိန်လက်‌ရွေးစင်အသင်းအတွက် ရွေးချယ်ဖို့ရှိမရှိပြောကြားလာတဲ့ ဖွန်တေ

စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖွန်တေက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘာစီလိုနာဂိုးသမား ဂျိုအန်ဂါစီယာကို အသင်းအတွက်ခေါ်ယူဖို့ရှိမရှိပြောကြားလာခဲ့ပါတယ်။ 
ဒီရာသီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့ ရည်းမှန်းထားကြတဲ့ ဘာစီလိုနာကစားသမားတွေအတွက် အလွန်အရေးကြီးတဲ့ရာသီဖြစ်ပါတယ်။ ဒီထဲမှာ ဂိုးသမား ဂါစီယာကလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး သူ့ရဲ့ထက်မြက်တဲ့လက်စွမ်းကြောင့် ကမ္ဘာဖလားပြိုင်ပွဲမှာပါဝင်နိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။ 
မကြာသေးမီကမှ ကမ္ဘာ့အကောင်းဆုံးဂိုးသမားစာရင်းဝင်ဖြစ်လာခဲ့တဲ့ ဂါစီယာဟာ ပြီးခဲ့တဲ့နွေရာသီက အက်စ်ပန်ညိုမှ ဘာစီလိုနာသို့စတင်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ ထိပ်တန်းလက်စွမ်းကို ပြသထားနိုင်ပါတယ်။ ဘာစီလိုနာသို့မရောက်ခင်ကတည်းက ဂါစီယာဟာ စပိန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရနိုင်တယ်လို့ ထင်ကြေးပေးခံထားသူဖြစ်ပြီး လာမယ့် ၂၀၂၆ ကမ္ဘာဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ အခွင့်အရေးရှိနေပါတယ်။
ဂါစီယာကို လက်ရွေးစင်အသင်းမှာရွေးချယ်ဖို့ရှိမရှိမေးမြန်းခဲ့ရာမှာ ဖွန်တေက "လောလောဆယ်အသင်းမှာ အူနိုင်းဆိုင်မွန်၊ ဒေးဗစ်ရာယာနဲ့ အဲလက်စ်ရိုမီယိုတို့ ၃ ဦးရှိနေပြီး သူတို့အပေါ်မှာလည်း ယုံကြည်ထားပါတယ်။ သူတို့ရဲ့စွမ်းဆောင်ရည်တွေအတွက်လည်း ကျေနပ်မိပါတယ်။ ဒါပေမယ့် အခုကနေ မတ်လ ဒါမှမဟုတ် ဇွန်လအထိ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရဦးမှာပါ။ ဘယ်ဂိုးသမားကိုရွေးချယ်မလဲဆိုတာတော့ ဘုရားသခင်ပဲသိမှာပါ"
"ကျွန်တော်တို့ဆီမှာ ကမ္ဘာ့အကောင်းဆုံးဂိုးသမား ၅ ယောက်၊ ၆ ယောက်လောက်အထိရှိနေပါတယ်။ ရောဘတ်ဆန်းချက်ဇ်နဲ့ လီယိုရိုမန်တို့ကလည်း အရမ်းကောင်းကြပါတယ်။ ဂျိုအန်ဂါစီယာကလည်း အရမ်းကောင်းပါတယ်။ စပိန်မှာ ထူးချွန်တဲ့ဂိုးသမားတွေအများကြီးရှိတာတော့ အမှန်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 
ဂါစီယာဟာ  ပြီးခဲ့တဲ့ ၂ ရာသီအတွင်း လာလီဂါရဲ့အကောင်းဆုံးဂိုးသမားစာရင်းထဲမှာပါဝင်ထားခဲ့သူဖြစ်ပါတယ်။ ဘာစီလိုနာကြယ်ပွင့်အနေနဲ့ ကမ္ဘာ့ဖလားမှာပါဝင်ယှဉ်ပြိုင်ဖို့အတွက် ထိုက်တန်ပေမယ့် လက်ရှိစပိန်လက်ရွေးစင်အသင်းမှာတော့ ဆိုင်မွန်၊ ရာယာနဲ့ ရိုမီယိုတို့က ထိပ်ဆုံးဂိုးသမားတွေအဖြစ် ဦးဆောင်နေဆဲဖြစ်ပါတယ်။