The network connection is lost.

Banner Image

ဘာစီလိုနာကို မက်ဆီ ပြန်လာဖို့ မျှော်လင့်ထားကြောင်း ပက်ဒရီဖွင့်ဟလာ

ဘာစီလိုနာကွင်းလယ်လူ ပက်ဒရီက လီယွန်နယ်မက်ဆီရဲ့ကစားသမားဘဝကို ဘာစီလိုနာမှာ အဆုံးသတ်တာ မြင်ချင်တယ်လို့ ဝန်ခံခဲ့ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ အင်တာမိိုင်ယာမီမှာ ၂၀၂၈ ခုနှစ်အထိဆက်ရှိစေမယ့် စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမဲ့ ပက်ဒရီက ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်းနဲ့ ထပ်မံကစားခွင့်ရဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။ 
ပက်ဒရီက "သေချာပါတယ်၊ ကျွန်တော် သူ့နဲ့ ထပ်ကစားချင်ပါတယ်။
သူက အကောင်းဆုံးကစားသမားပါပဲ။ ဒီမှာ ကျွန်တော်တို့အတူရှိခဲ့တဲ့နှစ်တွေအတွင်း သူကျွန်တော့်ကို အများကြီးကူညီခဲ့ပါတယ်" လို့ ပြောပါတယ်။
နည်းပြ ဟန်စီ ဖလစ်ခ်အတွက် ကစားရတာနဲ့ပတ်သက်ပြီး ပက်ဒရီက "အပြင်ကနေကြည့်ရင် ခံစစ်လိုင်းအရမ်းမြင့်တာနဲ့ နေရာလွတ်တွေရှိနေတာကြောင့် အန္တရာယ်များတယ်လို့ ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ အသင်းက ကွင်းထဲမှာ မှန်ကန်တဲ့နည်းလမ်းနဲ့ ဖိအားပေးရင် ပြိုင်ဘက်တွေအတွက် တိုက်စစ်မှူးဆီ ပြီးပြည့်စုံတဲ့ပေးပို့မှုလုပ်ဖို့ ခက်ခဲပါတယ်" လို့ ပြောကြားခဲ့ပါတယ်။