The network connection is lost.

Banner Image

နယူးကာဆယ်စတားကို အာဆင်နယ်ခေါ်နိုင်စွမ်းရှိတယ်လို့ အိုဟာရာ အခိုင်အမာဆို

ပရီးမီးယားလိဂ်စတားဟောင်း အိုဟာရာက အာဆင်နယ်အသင်းမှာ အီဆက် ဒါမှမဟုတ် သူနဲ့ဆင်တူတဲ့ကစားသမားမျိုးခေါ်ယူနိုင်မယ့်ငွေကြေးတစ်ရပ်ရှိနေတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ နယူးကာဆယ်တိုက်စစ်မှူးကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းထွက်နေပါတယ်။

အီဆက်ဟာ ဒီရာသီနယူးကာဆယ်အတွက် စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပရီးမီးယားလိဂ် ၁၃ ပွဲမှာ  ၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
နယူးကာဆယ်ဘက်က သူတို့စတားအတွက် ပေါင် ၁၁၅ သန်းလောက်အထိ တောင်းဆိုဖွယ်ရှိနေပါတယ်။ “အာဆင်နယ်က တိုက်စစ်မှူးလိုအပ်နေပါတယ်။ အဲ့တာက ရိုးရှင်းပါတယ်။ ကိုင်ကို ကျွန်တော်ကြိုက်ပါတယ်။ ဒါပေမယ့် သူနဲ့ဆိုရင် အာဆင်နယ်ပရီးမီးယားလိဂ်မရနိုင်ပါဘူး။

သူက ကစားသမားကောင်းတစ်ဦးဆိုပေမယ့် သူ့ထက်ဂိုးပိုသွင်းနိုင်တဲ့ တစ်ရာသီအနည်းဆုံး ၂၅ ဂိုး ဒါမှမဟုတ် အဲ့ထက်ပိုသွင်းနိုင်တဲ့သူမျိုးလိုအပ်ပါတယ်။ ဒီအဆင့်မှာ ကွဲပြားခြားနိုင်ပါတယ်။ အာဆင်နယ်အနေနဲ့ အီဆက်လိုကစားသမားမျိုးလိုအပ်ပါတယ်။ သူတို့မှာ အီဆက်ကိုခေါ်ယူနိုင်တဲ့ငွေကြေးတစ်ရပ်လည်းရှိပါတယ်။

အာဆင်နယ်မှာ ဟာလန်း ဒါမှမဟုတ် ဆာလက်လိုကစားသမားမျိုးမရှိပါဘူး။ ဆာကာက စွမ်းဆောင်ပြနေပေမယ့် တိုက်စစ်မှူး လိုအပ်ပါတယ်”လို့ တော့တင်ဟမ်စတားဟောင်းက ပြောကြားခဲ့ပါတယ်။ အီဆက်ဟာ ၂၀၂၂ တုန်းက နယူးကာဆယ်ကိုပြောင်းလာခဲ့တာဖြစ်ပြီး ဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ဦးအဖြစ် စွမ်းဆောင်ရည်ကောင်းတွေပြသနေတာဖြစ်ပါတယ်။

အသက် ၂၅ နှစ်သားဟာ ပြီးခဲ့တဲ့လတုန်းက အာဆင်နယ်ကို ၁-၀ နဲ့အနိုင်ရခဲ့ရာမှာ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ အီဆက် နဲ့ နယူးကာဆယ်တို့ကြားစာချုပ်သက်တမ်း ၂၀၂၈ အထိ ကျန်ရှိနေပြီး နယူးကာဆယ်ဘက်ကတော့ အာဆင်နယ်ရဲ့ချိတ်ဆက်မှုကနေ ဆက်ထိန်းနိုင်မယ်လို့ မျှော်လင့်နေပါတယ်။