The network connection is lost.

Banner Image

ဝုဗ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပေါ့ဆတဲ့ပြီး လက်ခံနိုင်စရာမရှိတဲ့ အာဆင်နယ်ရဲ့ခံစစ်ကစားပုံကို အာတီတာ ပြစ်တင်ဝေဖန်

ဂိအာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ဆုံးက ဝုဗ်ကို မိနစ် ၉၀ မှာ ချေပဂိုးပေးခဲ့ရပေမဲ့ ၉၄ မိနစ်မှာ ဝုဗ်ရဲ့ ဒုတိယမြောက် ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
နည်းပြ မီကယ်အာတီတာက ဝုလ်ဗ်နဲ့ပွဲစဉ်မှာ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်အချို့ကို လက်မခံနိုင်စရာလို့ ပြောကြားခဲ့ပြီး ဝုဗ်ကို နောက်ကျမှ ချေပဂိုးပေးခဲ့ရတဲ့အတွက် ပေါ့ဆပြီး ဆိုးရွားတဲ့ ခံစစ်ကစားပုံကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
အာတီတာက"နောက်ဆုံးမိနစ်တွေမှာ ကျွန်တော်တို့ ဆိုးရွားတဲ့ ခံစစ်အလေ့အထတွေနဲ့ လုံးဝပေါ့ဆတဲ့ နှစ်မိနစ် သုံးမိနစ်လောက်ရှိခဲ့ပါတယ်။ 
ဒါဟာ ဂိုးပေါက်တည့်ကန်ချက်တစ်ချက်မှ မရှိသေးတဲ့အသင်းနဲ့ ကစားတဲ့အခါ လိုအပ်တဲ့အဆင့်အတန်းနဲ့ လုံးဝမနီးစပ်ပါဘူး။ သူတို့ ပထမဆုံးအခွင့်အရေးရတဲ့အခါ ဂိုးသွင်းသွားခဲ့ပါတယ်။
ကျွန်တော်တို့ နောက်ဆုံးမှာ ဂိုးသွင်းပြီး နိုင်ခဲ့တဲ့အတွက် စိတ်သက်သာရာရပါတယ်။ ဒါပေမဲ့ ဒီကဏ္ဍမှာ ကျွန်တော်တို့ တိုးတက်အောင်လုပ်ရမှာ သေချာပါတယ်။
ကျွန်တော် 'ခံနိုင်ရည်ရှိတယ်' ဆိုတဲ့အပေါ် အပြစ်မတင်ပါဘူး။ ကျွန်တော်တို့ အဲဒီမတိုင်ခင်ကတည်းက တားဆီးနိုင်ခဲ့သင့်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ တာဝန်ပါ။ု
ဝုဗ်ကို ဂုဏ်ပြုရပါမယ်။ ဒါက လွယ်ကူတဲ့ပွဲဖြစ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိခဲ့ပေမဲ့ ကျွန်တော်တို့ ဂိုးပေးလိုက်ရတဲ့ပုံစံက ပိုပြီးခက်ခဲစေခဲ့ပါတယ်။ ဒါက လက်မခံနိုင်စရာပါ"လို့ ပြောခဲ့ပါတယ်။
အာတီတာက ပွဲပြီးခါနီး ခံစစ်ကစားတာကို ပြဿနာမရှိဘူးလို့ ရှင်းပြခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီခံစစ်ကစားပုံအတွင်း ကစားသမားတွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် မကျေနပ်ဘူးလို့ အာတီတာက ဆိုပါတယ်။
အာတီတာက"သူတို့ ကစားသမားအများကြီးကို တိုက်စစ်မှာ ထားတာကြောင့် ကျွန်တော်တို့ ခံစစ်နက်နက်ဆင်းပြီး ကာကွယ်နိုင်ပါတယ်။ သူတို့ကို ဖိအားပေးလို့မရတဲ့ အခိုက်အတန့်တွေရှိပါတယ်။ ဒါက အဆင်ပြေပါတယ်။ ဒါပေမဲ့ အဲဒီ block ထဲက လှုပ်ရှားမှုအဆင့်က ကျွန်တော်တို့ လုပ်ခဲ့တာနဲ့ လုံးဝကွဲပြားနေရပါမယ်"လို့‌ ပြောခဲ့ပါတယ်။