The network connection is lost.

Banner Image

နွမ်နီရီနဲ့ ပတ်သက်ပြီး မက်ဆေ့ချ်ပေးပို့လိုက်တဲ့ အာဆင်နယ်နည်းပြ အာတီတာ

ယူနိုက်တက်နဲ့ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက နွမ်နီရီတစ်ယောက် နောက်ထပ်အခွင့်အရေးတွေရလာလိမ့်မယ်လို့ ကတိပေးလိုက်ပါတယ်။

ဆယ်ကျော်သက်ကစားသမားလေးဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဘရန့်ဖို့ဒ်ကို ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်ကစားပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးပွဲထွက်ကစားသမားဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ မန်စီးတီးတို့က အာဆင်နယ်လူငယ်ကစားသမားလေးကို စောင့်ကြည့်ခဲ့ကြပေမယ့် အင်္ဂလန်လူငယ်စတားက အာဆင်နယ်အသင်းနဲ့ ကာလရှည်စာချုပ် ချုပ်ဆိုပြီး သတင်းတွေကို အဆုံးသတ်ခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်ပိုင်းမှာ လူအင်အားများနေတာကြောင့် အင်္ဂလန်သားအနေနဲ့ နေရာရဖို့ မလွယ်ပေမယ့် အမေရိကခရီးစဉ်မှာတော့ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသထားနိုင်ခဲ့ပါတယ်။ ဘုန်းမောက်နဲ့ပွဲမှာတော့ အာဆင်နယ်က သရေကျခဲ့ပေမယ့် ယူနိုက်တက်နဲ့ပွဲမှာတော့ ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ဟွိုက်လန်းက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် အာဆင်နယ်က ဂျီးဆပ်စ် ၊ မာတီနယ်လီတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။

“ပွဲက ကစားသမားတွေလက်ထဲမှာပဲ အမြဲတမ်းရှိနေတာပါ။ သူတို့ဘာလုပ်နိုင်လဲဆိုတာ ပြသရမှာပါ။ ရည်မှန်းချက် ၊ ဆုံးဖြတ်ချက် ၊ အရည်အချင်းတွေက ဒီလိုဖြစ်လာတာ သာမန်ပါပဲ။ မနက်ဖြန်မှာ ကျွန်တော်တို့ နောက်တစ်ကြိမ်လေ့ကျင့်မှာဖြစ်ပြီး ဒီကစားသမားတွေ လာမယ့်ဗုဒ္ဓဟူးနေ့မှာ မိနစ်အနည်းငယ်ပါဝင်ခွင့်ရဦးမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာတီတာက ဒူဘရီနဲ့ အိုဘီမာတင်တို့လိုကစားသမားတွေ ထွက်ခွာသွားမှုကို ဝေဖန်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ပွဲမှာ နောက်ထပ်လူငယ်ကစားသမား ဟဲဗန်းက ခြေစွမ်းကောင်းတစ်ရပ်ပြသနိုင်ခဲ့ပါတယ်။

“အသက် ၁၇ နှစ်အရွယ်မှာ ဒီလိုအရည်အချင်းမျိုးပြသနိုင်တဲ့ကစားသမားတွေဘယ်လောက်ရှိလဲ ကျွန်တော်မသိပါဘူး။ သူက ကမ္ဘာပေါ်က အသန်မာဆုံး နဲ့ အမြန်ဆုံးကစားသမားတွေကို ထိန်းချုပ်ပြနိုင်ဖို့ လုပ်ဆောင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့အရည်အချင်းကောင်းတွေကို မြင်ခဲ့ရပြီး အသိအမှတ်တော့ပြုရမှာပါ။ သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော်တကယ်ပျော်ပါတယ်”လို့ အာတီတာ ထပ်လောင်းပြောကြားခဲ့ပါတယ်။