The network connection is lost.

Banner Image

တိုက်စစ်မှူး ရီကာဒို ပီပီကို ခေါ်ယူဖို့ ပီအက်စ်ဗွီနဲ့ ဖူလ်ဟမ် သဘောတူညီမှု ရရှိ

ဖူလ်ဟမ်အသင်းဟာ နယ်သာလန်ကလပ် PSV ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ရီကာဒို ပီပီကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိသွားပြီလို့ သတင်းတွေအရ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ဒီတိုက်စစ်မှူးဟာ နည်းပြ မာကိုဆေးလ်ဗားရဲ့ အသင်းအတွက် ကာလရှည် ပစ်မှတ်ထားခံရသူဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွေမှာလည်း ဖူလ်ဟမ်က ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။

နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ PSV ဘက်က နောက်ဆုံးမှာတော့ အလျှော့ပေးလိုက်ပြီဖြစ်ပြီး ပီပီကို ရောင်းချဖို့အတွက် ဖူလ်ဟမ်နဲ့ ယူရို ၃၆ သန်းတန်ဖိုးရှိတဲ့ ပြောင်းရွှေ့ကြေးကို သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ပီပီနဲ့ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်တို့ကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေကလည်း ရရှိပြီးသားဖြစ်တယ်လို့ သိရပါတယ်။ ပီပီဟာ အခုရာသီမှာ PSV အတွက် ပြိုင်ပွဲစုံ ၂၇ ပွဲ ကစားပေးထားပြီး ၁၃ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတဲ့အထိ ထူးထူးခြားခြား ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။