The network connection is lost.

Banner Image

မာတင်နယ်လီဖြစ်ရပ်မှာ အသင်းဖော်တွေကို ကာကွယ်ပြောဆိုလိုက်တဲ့ ဗန်ဒိုက်

လီဗာပူးကပ္ပတိန်ဗန်ဒိုက်က ဘရက်ဒလေထိခိုက်ဒဏ်ရာရရှိသွားပြီးနောက် ဘာတွေလုပ်ဆောင်ခဲ့သလဲဆိုတာနဲ့ အာဆင်နယ်တိုက်စစ်မှူးမာတင်နယ်လီရဲ့အကြောင်းကို ဖွင့်ဟပြောပြခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာ ဒဏ်ရာရရှိနေတဲ့ဘရက်ဒလေကို ကွင်းပြင်ပဆီတွန်းထိုးခဲ့တဲ့လုပ်ရပ်အတွက် မာတင်နယ်လီလည်း ကွင်းလယ်ဒိုင်အန်သိုနီတေလာရဲ့အဝါကတ်ပြစ်ဒဏ်ကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ မာတင်နယ်လီက ဘရက်ဒလေနဲ့ဆက်သွယ်ကာ လူသိရှင်ကြားတောင်းပန်ခဲ့ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိနေမှုကို မသိရှိထားခဲ့ဘူးလို့ ပွင့်ပွင့်လင်းလင်းရှင်းပြခဲ့ပါတယ်။

ဒီကလပ်အသင်းနှစ်ခုအကြား ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်ရဲ့နောက်ဆုံးမိနစ်ကာလအပိုင်းအခြားမှာ ဗန်ဒိုက်နဲ့ သူ့အသင်းဖော်တွေက ဘရက်ဒလေကို ဝန်းရံပြီး မာတင်နယ်လီနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ပါတယ်။ ဗဟိုခံစစ်မှူးက ဒဏ်ရာအခြေအနေပြင်းထန်နေပုံရတဲ့ ဘရက်ဒလေကိုကာကွယ်ပေးဖို့ သူအပါအဝင် အသင်းဖော်တွေအားလုံး စုစည်းခဲ့ကြတယ်လို့ ပြောဆိုရင်း သူတို့အသင်းရဲ့တုံ့ပြန်ပုံအကြောင်း ပြောပြခဲ့ပါတယ်။

ဗန်ဒိုက်က “ အဲ့ဒီအချိန်မှာ လူတိုင်း မကျေနပ်ကြပါဘူး။ ကစားသမားတစ်ဦး၊ နှစ်ဦးတည်း မဟုတ်ပါဘူး။ အားလုံးပါ။ ဘရက်ဒလေကိုယ်တိုင် ကွင်းတွင်းမှာလဲကျနေလို့ သူ့ကိုတွန်းထုတ်တယ်ဆိုတာ သိပ်ကောင်းနေတဲ့မြင်ကွင်းမျိုး မဟုတ်ပါဘူး။ ဗီဒီယိုအပိုင်းအစလေးတွေကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်မယ်ဆိုရင် အတော်လေးရှင်းသွားပါလိမ့်မယ်။ ကျွန်တော်တို့အတွက်တော့ ဒီဖြစ်ရပ်က အတော်လေးမြန်မြန်ဆန်ဆန်ဖြစ်သွားပါ။ အဝေးဘောတစ်ခု ရောက်ရှိလာပြီး ဘရက်ဒလေရှင်းထုတ်လိုက်ပြီးနောက် ကွင်းတွင်းမှာ လဲကျသွားပါတယ်။ ဒါကို မာတင်နယ်လီကိုယ်တိုင် ကွင်းပြင်ပဆီ သိသိသာသာတွန်းထုတ်ခဲ့ပြီး ကျွန်တော်တို့အသင်းကစားသမားတွေ တုံ့ပြန်လာကြပါတယ်။

ကျွန်တော်တို့အားလုံး စုစည်းလာပါတယ်။ ပြီးတော့ ဘာတွေဖြစ်နေသလဲဆိုတာ ကျွန်တော်တို့ လုံးဝမသိပေမယ့် မာတင်နယ်လီအတွက်လည်း ကောင်းတဲ့ပုံမပေါ်ပါဘူး။ အခုတော့ ကျွန်တော်တို့အားလုံး ဘရက်ဒလေကို အာရုံစိုက်နေကြပါတယ်။ လာမယ့် ၂၄ နာရီအတွင်း သူ့ကို ဆေးစစ်ပေးပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့လည်း လိုက်လျောညီထွေဖြစ်အောင် လုပ်သွားရပါမယ်”လို့ ပြောပါတယ်။ လာမယ့်သီတင်းပတ်အတွင်းမှာတော့ ဘရက်ဒလေရဲ့နောက်ဆုံးအခြေအနေကို အန်းစလော့ဆီမှ သိရနိုင်ပါတယ်။