The network connection is lost.

Banner Image

နွေရာသီမှာ အဓိကကစားသမား ၂ ဦးကို ရောင်းထုတ်တော့မယ့် လိုက်ပ်ဇစ်

သတင်းတွေအရ လိုက်ပ်ဇစ်အသင်းဟာ အခုနွေရာသီမှာ ဆက်စ်ကို နဲ့ ဇာဗီဆိုင်မွန်တို့ကိုရောင်းထုတ်တော့မယ်လို့ သိရပါတယ်။ ဆက်စ်ကိုကိုခေါ်ယူဖို့ အာဆင်နယ် နဲ့ ယူနိုက်တက်တို့က ချိတ်ဆက်နေပြီး ဆိုင်မွန်ကို ယူနိုက်တက်က ထပ်မံချိတ်ဆက်နေပါတယ်။ လိုက်ပ်ဇစ်ဟာ အသက် ၂၂ နှစ်သားနဲ့ သဘောတူညီမှုရရှိထားပြီးဖြစ်ကာ လာမယ့်နွေမှာ တန်ကြေးတစ်ခုနဲ့ရောင်းထုတ်မယ်လို့ သိရပါတယ်။

ဂျာမန်သတင်းဌာန Bild ကလည်း လိုက်ပ်ဇစ်အနေနဲ့ ဆက်စ်ကို နဲ့ ဇာဗီတို့ကိုရှင်းထုတ်ပြီး ငွေကြေးတစ်ရပ်ရှာဖွေမယ်လို့  ဖော်ပြခဲ့ပါတယ်။ ၂ ဦးပေါင်း ပေါင် ၈၅ သန်းလောက်ရရှိနိုင်ဖို့ မျှော်လင့်နေပြီး လိုက်ပ်ဇစ်ဘက်က ဇာဗီကို ပေါင် ၁၀ သန်းနဲ့ခေါ်ယူခဲ့ပေမယ့် လုံလောက်တဲ့ခြေစွမ်းမျိုးမရဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။ ယူနိုက်တက်ဘက်က ဇာဗီကို ပေါင်သန်း ၆၀ လောက်ပေးချေနိုင်တာဖြစ်ပြီး ဆက်စ်ကိုကိုပါ တပါတည်းခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

လက်ရှိဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားမှာ လိုက်ပ်ဇစ်က အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ၄ ပွဲကစားဖို့ကျန်နေချိန်မှာ ချန်ပီယ့လိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။ အခုအပတ်မှာ လိုက်ပ်ဇစ်အသင်းဟာ အဆင့် ၃ နေရာက ဖရန့်ဖတ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။