The network connection is lost.

Banner Image

တော့တင်ဟမ်ကစားသမားဘ၀အစ ရုန်းကန်ခဲ့ရပုံကို ပွင့်ပွင့်လင်းလင်း ပြောပြလာတဲ့ ဇာဗီဆိုင်မွန်

ဇာဗီဆိုင်မွန်က တော့တင်ဟမ်အသင်းမှာ ကစားသမားဘ၀အစ ခက်ခဲခဲ့ပုံကို ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါတယ်။ ၂၂ နှစ်အရွယ် ဆိုင်မွန်ဟာ ဒီနွေရာသီမှာ ပေါင်သန်း ၆၀ လောက်နဲ့ တော့တင်ဟမ်ကို ရောက်လာပြီးနောက် ရုန်းကန်နေခဲ့ရပြီး ဂိုးပါဝင်ပတ်သက်မှု နှစ်ကြိမ်သာပြုလုပ်နိုင်ခဲ့ပါတယ်။

နယ်သာလန်သားဟာ တော့တင်ဟမ်မှာ အထိုင်ကျဖို့ ခက်ခဲနေခဲ့ပေမဲ့ ကိုပင်ဟေဂင်နဲ့ပွဲမှာ ပြသခဲ့တဲ့  ခြေစွမ်းကောင်းအပေါ်ဆက်ပြီး တည်ဆောက်သွားဖို့ မျှော်လင့်နေပါတယ်။ဇာဗီဆိုင်မွန်က "ပရိသတ်တွေနဲ့အတူ ဒီပွဲကို ကျွန်တော်တို့ ပျော်ခဲ့ရပါတယ်။ အရေးကြီးဆုံးကတော့ သုံးမှတ် ပါပဲ။ ကျွန်တော်က ဘောလုံးကစားရတာ ပျော်ဖို့လိုတဲ့ ကစားသမားတစ်ယောက်ပါ။ အဲဒါက ကျွန်တော် အများဆုံး လုပ်တဲ့အရာပဲ။ ပြီးတော့ ဒီညပွဲမှာဆိုရင် အသင်းနဲ့အတူ ဘယ်လောက် အထူးခြား ဖြစ်ခဲ့လဲဆိုတာ မြင်နိုင်ပါတယ်"လို့ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဇာဗီဆိုင်မွန်က"လူတိုင်းက ခြေစွမ်းပြချင်ကြတယ်၊ အကောင်းဆုံးကစားချင်ကြပါတယ်။ ဒါပေမဲ့ ဒါက ဘဝပဲ မဟုတ်လား။ ကိုယ်က ဆက်ပြီးတော့ ကြိုးကြိုးစားစား လုပ်နေရမယ်။ နေ့တိုင်းက နေ့သစ်၊ စိန်ခေါ်မှုအသစ်၊ ကောင်းကောင်း ခြေစွမ်းပြဖို့ အခွင့်အရေးအသစ်ပဲလေ။ ကျွန်တော် ပျော်ခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် အသင်းနဲ့အတူတူ ကျွန်တော်တို့ အမြဲတမ်း ခြေစွမ်းပြချင်ကြတာပေါ့၊ ဒါပေမဲ့ ကိစ္စတွေက နည်းနည်းလေး မတူညီတဲ့ ပုံစံဖြစ်သွားခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်ဖို့နဲ့ အတူတကွ အကောင်းဆုံး ခြေစွမ်းကို ယူဆောင်လာနိုင်ဖို့ နေ့တိုင်း ကြိုးစားပမ်းစား လုပ်နေပါတယ်။

ကိုယ်က အမြဲတမ်း ခြေစွမ်းပြချင်ပေမဲ့ ဘဝမှာ ကိုယ်လိုချင်သလို အမြဲတမ်း ဖြစ်မလာဘူးလေ။ ဒါပေမဲ့ ကျွန်တော် အမြဲတမ်း ကြိုးကြိုးစားစား ဆက်လုပ်နေမှာပါ၊ ကိုယ့်ရဲ့ ရာနှုန်းပြည့် ပေးပြီး အသင်းကို ကူညီသွားမှာပါ"လို့ ပြောသွားခဲ့ပါတယ်။ တော့တင်ဟမ်အသင်းဟာ စနေညအစောပိုင်းပွဲစဉ်အဖြစ် ယူနိုက်တက်နဲ့ ပွဲကျပ်ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။