The network connection is lost.

Banner Image

တော့တင်ဟမ်ပြောင်းရွှေ့ဖို့ အသင်းဖော်ဟောင်းက အဓိကကျခဲ့တယ်လို့ ဆိုင်မွန် ထုတ်ဖော်ပြောကြား

တော့တင်ဟမ်ကွင်းလယ်လူသစ် ဇာဗီဆိုင်မွန်က လန်ဒန်မြေကိုပြောင်းရွှေ့ဖို့ရာ တီမိုဝါနာက အဓိကကျခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဇာဗီဟာ အခုနွေရာသီအပြောင်းအရွှေ့မှာ မြင့်မားတဲ့တန်ကြေးနဲ့ တော့တင်ဟမ်အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ နယ်သာလန်သားဟာ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ တော့တင်ဟမ်အတွက် ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။

အခုချိန်မှာလည်း တော့တင်ဟမ်ကိုရွေးချယ်ခဲ့တာဟာ ဝါနာကြောင့်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဝါနာဟာ တော့တင်ဟမ်မှာ ၂ ရာသီအငှားကစားခဲ့တာဖြစ်ပြီး ဂျာမန်မြေမှာ အတူတူကစားခဲ့ဖူးတာဖြစ်ပါတယ်။ ဇာဗီမပါဝင်နိုင်ချိန် တော့တင်ဟမ်ဟာ ဘုန်းမောက်ကိုအရေးနိမ့်ခဲ့ပြီး နယ်သာလန်သားက လာမယ့်ဝက်စ်ဟမ်းနဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။