လိုက်ပ်ဇစ်မှထွက်ခွာဖို့ အလောတကြီးဖြစ်စရာအကြောင်း မရှိပါဘူးလို့ ဆိုလိုက်တဲ့ ယန်ဒီအိုမန်ဒီ
ယန်ဒီအိုမန်ဒီက လိုက်ပ်ဇစ်အသင်းမှထွက်ခွာဖို့ အလျင်စလိုမရှိဘူးလို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
အခုဘောလုံးရာသီအတွင်း ဒီတောင်ပံကစားသမားကို လီဗာပူး၊ မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့က စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။
ဒါပေမဲ့ ယန်ဒီအိုမန်ဒီကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေရှိနေတယ်ဆိုတာကို သိထားပေမဲ့ လိုက်ပ်ဇစ်မှာပဲ ပျော်ရွှင်နေတယ်လို့ အခိုင်အမာပြောဆိုပါတယ်။
BILD သတင်းဌာနနဲ့တွေ့ဆုံချိန် အသက်-၁၉ နှစ်အရွယ်ကစားသမားက "လိုက်ပ်ဇစ်အသင်းကြောင့် ကျွန်တော့်မှာ အရမ်းကောင်းတဲ့လူနေမှုဘဝတစ်ခု ရရှိနေပါတယ်။ ဒီကလပ်အသင်းမှာ ကျွန်တော် အရမ်းပျော်သလို အသင်းနဲ့အတူ အတွေ့အကြုံသစ်တွေ အများကြီးထပ်မံရယူချင်ပါသေးတယ်။ ကျွန်တော့်မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေပေမဲ့ အရာအားလုံးကိုတော့ သူ့အချိန်နဲ့သူ ဖြစ်လာလိမ့်မယ်လို့ပဲ ယုံကြည်ပါတယ်" လို့ ပြောပြခဲ့ပါတယ်။
ယန်ဒီအိုမန်ဒီက လိုက်ပ်ဇစ်အသင်းနဲ့ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုထားပါတယ်။