The network connection is lost.

Banner Image

ဆက်စ်ကိုနဲ့ ပတ်သက်ပြီး ယူအီးအက်ဖ်အေ စည်းမျဉ်းတွေကို သိထားဖို့ ယူနိုက်တက်ကို ဆလိုဗေးနီးယားနည်းပြ စီဆာ သတိပေး

အနာဂတ်မှာ ဘင်ဂျမင် ဆက်စ်ကိုကို နိုင်ငံအသင်းအတွက် အသုံးပြုခွင့် မရအောင် မတားဆီးဖို့ ဆလိုဗေးနီးယားအသင်း နည်းပြ ဘော့စ်ဂျန် စီဆာက မန်ချက်စတာ ယူနိုက်တက်အသင်းကို သတိပေး ပြောကြားလိုက်ပါတယ်။

ဒဏ်ရာပြဿနာကြောင့် ဆက်စ်ကိုဟာ ဒီအပတ်ထဲမှာ ကစားမယ့် ဟန်ဂေရီ၊ မွန်တီနီဂရိုးတို့နဲ့ ဆလိုဗေးနီးယားအသင်းရဲ့ ခြေစမ်းပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ရှင်းပြချက်ကို စီဆာက လက်ခံခဲ့ပေမဲ့ ဒီအပတ် လူဗယ်လီယားနားမှာ ပြုလုပ်တဲ့ လေ့ကျင့်ရေးစခန်းမှာတော့ ဆက်စ်ကိုရဲ့ အခြေအနေကို ဆလိုဗေးနီးယား ဆေးအဖွဲ့နဲ့ စစ်ဆေးမှုကို ခံယူစေချင်နေပါသေးတယ်။

"ပုံမှန်အားဖြင့်တော့ နိုင်ငံအသင်းက ကျွန်တော်တို့အတွက် အင်မတန် အရေးကြီးပေမဲ့ သူတို့ (ယူနိုက်တက်) အတွက်တော့ အရေးပါမှု နည်းနိုင်ပါတယ်။ ဒါပေမဲ့ ဒီ ၁၄ ရက်အတွင်းမှာ ဘင်ဂျမင် လေ့ကျင့်ခန်း မဆင်းတာက ပိုကောင်းပါလိမ့်မယ်။ သူကစားဖို့ မသင့်တော်ဘူးဆိုတာကိုလည်း ကျွန်တော်တို့ ဆေးအဖွဲ့က ချက်ချင်းပဲ အကဲဖြတ်ခဲ့ပါတယ်" လို့ စီဆာက ပြောပါတယ်။

"ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားဖို့ လိုပါတယ်။ ကျွန်တော်တို့က နိုင်ငံအငယ်လေး ဖြစ်ပေမဲ့ ဒါဟာ နိုင်ငံလက်ရွေးစင်အသင်းပါ။ တာဝန်ရှိသူတစ်ယောက်အနေနဲ့ ကျွန်တော့်ဘက်ကတော့ ဒီကိစ္စမှာ ဘယ်လိုမှ အလျော့ပေးမှာ မဟုတ်ပါဘူး" လို့လည်း ၎င်းက ဆိုပါတယ်။

"မန်ချက်စတာ ယူနိုက်တက်ပဲ ဖြစ်ဖြစ်၊ ဆဲလ်ဂျေး (Celje) ကလပ်ပဲ ဖြစ်ဖြစ်၊ နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပတ်သက်တဲ့ ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းတွေကို ခင်ဗျားတို့ သိထားပြီးသားပါ။ ဒီအချက်အပေါ်မှာတော့ ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး" လို့ နည်းပြ စီဆာက အတိအလင်း ပြောကြားခဲ့ပါတယ်။