The network connection is lost.

Banner Image

လိုက်ပ်ဇစ် မှာ ဆက်ရှိနေမယ့်အကြောင်း ပြောကြားပြီး လီဗာပူးနဲ့ ဘာစီလိုနာ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ ဒိုင်အိုမန်ဒီ

ရန်ဒိုင်အိုမန်ဒီက လိုက်ပ်ဇစ်အသင်းကနေ ထွက်ခွာဖို့ လောလောဆယ် အလျင်မလိုသေးဘူးလို့ အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒီရာသီမှာတော့ အဲဒီတောင်ပံကစားသမားလေးကို လီဗာပူး၊ မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတွေက မျက်စိကျနေကြတာပါ။

ဒါပေမဲ့ ဒိုင်အိုမန်ဒီက သူ့အပေါ် စိတ်ဝင်စားမှုတွေရှိနေတာကို သိထားပေမဲ့ Leipzig မှာပဲ ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်။

အသက် ၁၉ နှစ်အရွယ် ကစားသမားလေးက BILD သတင်းဌာနကို "ကျွန်တော် အခု အရမ်းကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားရပြီး ဒါဟာ လိုက်ပ်ဇစ် ကြောင့်ပါ" လို့ ပြောပါတယ်။

"ကျွန်တော် ဒီကလပ်မှာ အရမ်းပျော်ပြီး အသင်းနဲ့အတူ အတွေ့အကြုံတွေ အများကြီး ထပ်ပြီး ဖြတ်သန်းချင်ပါသေးတယ်။ ကျွန်တော့်မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေတုန်းပဲ၊ ဒါပေမဲ့ အရာအားလုံးကတော့ သူ့အချိန်နဲ့သူ ဖြစ်လာမှာပါ" လို့ ၎င်းက ဆိုပါတယ်။

ဒိုင်အိုမန်ဒီဟာ လိုက်ပ်ဇစ် အသင်းနဲ့ ၂၀ red ၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်း ရှိနေတာလည်း ဖြစ်ပါတယ်။