The network connection is lost.

Banner Image

ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို မန်စီးတီးမရနိုင်တော့ကြောင်း ဝန်ခံလာတဲ့ ဘာနာဒိုဆေးလ်ဗား

မန်ချက်စတာစီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားက အသင်းဟာ ရလဒ်ဆိုးတွေနဲ့တောက်လျှောက်ကြုံတွေ့ထားရပြီး နောက်လာမယ့်ပွဲစဉ်ကိုပဲ အာရုံစိုက်နေရတာကြောင့် ဒီရာသီအတွက် ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်လို့မရနိုင်တော့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

အောက်တိုဘာလအကုန်မှာကတည်းက ပြိုင်ပွဲစုံမှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့ခဲ့ရတဲ့ မန်စီးတီဟာ နောက်ဆုံး ၁၄ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာရရှိခဲ့ပြီး ၉ ပွဲရှုံးကာ ၃ ပွဲသရေကျခဲ့ပါတယ်။ အဆိုပါရလဒ်တွေကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာရပ်တည်နေရပြီး ရမှတ် ၃၁ မှတ်သာစုဆောင်းထားနိုင်သေးတာဖြစ်ပါတယ်။ 

တစ်ဖက်မှာ အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ပြတ်ပြတ်သားသားဦးဆောင်ထားတဲ့ လီဗာပူးကတော့ ပုံစံကောင်းတောက်လျှောက်ရရှိနေပြီး တစ်ပွဲလျော့အနေအထားနဲ့ မန်စီးတီးကို ၁၄ မှတ်အထိဖြတ်တောက်ထားနိုင်ပါတယ်။ပြည်တွင်းပြိုင်ပွဲမှာသာမက မန်စီးတီးဟာ ချန်ပီယံလိဂ်မှာပါ ရုန်းကန်နေရတာဖြစ်ပြီး အုပ်စုရဲ့ အဆင့် ၂၂ နေရာမှာရပ်တည်နေကာ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ ရုန်းကန်သွားရဦးမှာဖြစ်ပါတယ်။ အုပ်စုအတွင်း ၆ ပွဲကစားထားရာမှာ မန်စီးတီးဟာ ၂ ပွဲနိုင်၊ ၂ ပွဲသရေနဲ့ ၂ ပွဲရှုံးရလဒ်ကိုသာပုံဖော်ထားနိုင်တာကြောင့် ချန်ပီယံလိဂ်ကနေ စောစောစီးစီးထွက်ခွာရမယ့်အရေးနဲ့လည်းရင်ဆိုင်နေရပါတယ်။ 

မန်စီးတီးရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဘာနာဒိုဆေးလ်ဗားက "အခုချိန်မှာတော့ ကျွန်တော်တို့ အမှန်တရားကိုလက်ခံရပါတော့မယ်။ ကျွန်တော့်အနေနဲ့ လီဗာပူးတို့ အာဆင်နယ်တို့ဘယ်လောက်အထိကောင်းနေတယ်ဆိုတာကို အာရုံစိုက်ဖို့အချိန်မရပါဘူး။ လာမယ့်ပွဲစဉ်အတွက်ပဲ အာရုံစိုက်နေပြီး အဆင့် ၅ ဒါမှမဟုတ် အဆင့် ၄ နေရာကိုရောက်ဖို့ပဲကြိုးစားနေရပါတယ်"

"ဘောလုံးမှာ မဖြစ်နိုင်ဘူးဆိုတာမရှိလို့ ကျွန်တော်တို့ပရီးမီးယားလိဂ်ဖလားကို မရနိုင်တော့ဘူးဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ မန်စီးတီးက ချန်ပီယံပြေးလမ်းကြောင်းထဲမှာမရှိတော့ပါဘူး။ ကျွန်တော်တို့အရမ်းနောက်ကျသွားပါပြီ။ ဒီရာသီမှာတော့ ကျွန်တော်တို့ ဒီဖလားကိုဆုံးရှုံးသွားပါပြီ" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်စနေနေ့မှာ မန်စီးတီးဟာ ဝက်စ်ဟမ်းကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်နိုင်ပွဲ တဖန်ပြန်လည်ရယူသွားနိုင်မလား စောင့်ကြည့်ရပါမယ်။