The network connection is lost.

Banner Image

နည်းပြဘဝမှအနားယူသွားပါက ပွဲကြီးပွဲကောင်းတွေကို လွမ်းဆွတ်နေမယ်လို့ဆိုလာတဲ့ ဂွါဒီယိုလာ

လာမယ့် ဗုဒ္ဓဟူးနေ့ မတ်လ ၁၁ ရက် မှာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်မှာ ပက်ဂွါဒီယိုလာက မန်စီးတီးမှာ သူရှိနေမယ့်အချိန်တွေ ကုန်ဆုံးတော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ထပ်မံလှုံ့ဆော်လာခဲ့ပါတယ်။

အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းကမှ မန်စီးတီးနဲ့ နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားတာဖြစ်ပေမဲ့ သူထွက်ခွာတော့မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေကတော့ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် TNT Sports နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက အဆိုပါကောလာဟလတွေကို တစ်ကျော့ပြန် အားကောင်းစေခဲ့ပါတယ်။

ဂွါဒီယိုလာက သူအနားယူသွားတဲ့အခါ လွမ်းဆွတ်ရမယ့် ဘောလုံးလောကရဲ့ အစိတ်အပိုင်းတွေအကြောင်းကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ "ဒီလိုပွဲမျိုးတွေကို ကျွန်တော် သေချာပေါက် လွမ်းနေမှာပါ။ ဒီနေရာကို ကျွန်တော် တကယ်ကို မြတ်နိုးတယ်၊ လာရတာလည်း ကြိုက်ပါတယ်။ မက်ဒရစ်က လူတွေကတော့ ဒါကို မျှော်လင့်ထားမှာ မဟုတ်ပေမဲ့ ကျွန်တော့်အနေနဲ့ ဒီအသင်းအဖွဲ့အပေါ်မှာ လေးစားမှု အများကြီးရှိပါတယ်" လို့ သူက ဆိုပါတယ်။

"ကမ့်နူးကွင်းကို မသွားရတော့တာကိုလည်း လွမ်းနေမှာပဲ၊ ဘိုင်ယန်မြူးနစ်ကိုလည်း လွမ်းနေဦးမှာပါ။ ကျွန်တော်တို့ နောက်တစ်ဆင့်တက်ပြီး အဲ့ဒီကို သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလို ညချမ်းတွေက အရမ်းကို ထူးခြားတာကြောင့် ကျွန်တော် သေချာပေါက် လွမ်းဆွတ်နေမိမှာပါ" လို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။