The network connection is lost.

Banner Image

တော့တင်ဟမ်ဆီပြန်လာဖို့ အဆင်သင့်ရှိပေမဲ့ သူ့အတွက် ကမ်းလှမ်းမှု မရှိလာနိုင်ဘူးလို့ ယူဆထားတဲ့ ဟယ်ရီရက်ဒ်နပ်

ဟယ်ရီရက်ဒ်နပ်က အခွင့်အရေးရှိမယ်ဆိုရင် တော့တင်ဟမ်အသင်းဆီ ပြန်လာဖို့ အဆင်သင့်ရှိပေမဲ့ လက်ရှိဖိအားတွေရင်ဆိုင်နေရတဲ့ အီဂေါတူဒေါရဲ့နေရာမှာ သူ့ကို အစားထိုးဖို့ ကမ်းလှမ်းလာမယ်လို့တော့ မယူဆထားပါဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အသက် ၄၇ နှစ်အရွယ်တူဒေါက သောမတ်ဖရန့်ခ်ရဲ့နေရာကို အစားထိုးဖို့ ရောက်ရှိလာသူဖြစ်ပြီး အသင်းရဲ့အခြေအနေတွေ တည်ငြိမ်သွားအောင် လုပ်ဆောင်သွားဖို့ တာဝန်ရှိနေပါတယ်။

ဒါပေမဲ့ ဂျူဗင်တပ်နဲ့ မာဆေးလ်နည်းပြဟောင်းလက်ထက်မှာ တော့တင်ဟမ်က ဗွေဆော်ဦးလေးပွဲလုံး ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာရဖို့ ရေပန်းစားလာသလို ပရီးမီးယားလိဂ်တန်းဆင်းဇုန်နဲ့လည်း တစ်မှတ်သာ ကွာဟပါတော့တယ်။

တချိန်တည်းမှာပဲ အသက် ၇၉ နှစ်အရွယ်ဝါရင့်နည်းပြကြီးရက်ဒ်နပ် မြောက်လန်ဒန်ကလပ်အသင်းဆီ ပြန်လာတော့မယ်ဆိုတဲ့ သတင်းတွေလည်း အကြီးအကျယ် ထွက်ပေါ်နေပါတယ်။ ရက်ဒ်နပ်ကတော့ ပြန်လာဖို့ စိတ်ဝင်စားပေမဲ့ အမှန်တကယ်ဖြစ်လာဖို့ဆိုတာ ခက်ခဲလိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။

"ကျွန်တော် တော့တင်ဟမ်ဆီ ပြန်သွားဖြစ်မလားဆိုပြီး အမေးခံရတာ ခဏခဏပါပဲ၊၊ ဒါပေမဲ့ ဒါက ဖြစ်နိုင်ခြေ မရှိပါဘူး။ ကျွန်တော် ပြန်သွားချင်သလားဆိုရင်တော့ သေချာပေါက်ပြန်သွားချင်ပါတယ်။ ဒါပေမဲ့ ဒါမျိုးဖြစ်လာလိမ့်မယ်လို့တော့ ကျွန်တော် သိပ်မထင်ပါဘူး" လို့ ချယ်လ်တင်ဟမ်မြင်းပွဲဆီရောက်ရှိနေတဲ့ ဝါရင့်နည်းပြကြီးက Press Association ကို ပြောကြားခဲ့ပါတယ်။

"သူတို့ တန်းတင်ကျန်ရစ်ဖို့ အစွမ်းကုန်ကြိုးစားရဖို့ရှိပြီး ဒါက အမှန်တကယ် ခက်ခဲပါလိမ့်မယ်။ သူတို့ရဲ့ပွဲစဉ်ဇယားတွေကို ကြည့်ရသလောက်တော့ နော်တမ်ဖောရက်စ်ရဲ့ကစားပုံကောင်းနေသလို ဝက်စ်ဟမ်းလည်း ခြေစွမ်းပြနေပါတယ်။ ဒါကြောင့် တော့တင်ဟမ်အတွက်တော့ တကယ်ကို ရုန်းကန်ရပါလိမ့်မယ်" လို့ ၎င်းက ဆိုပါတယ်။