The network connection is lost.

Banner Image

ယာယီနည်းပြအီဂေါတူဒေါကို အယုံအကြည်မရှိဖြစ်နေတဲ့ တော့တင်ဟမ်ကစားသမားများ

ပြီးခဲ့တဲ့အင်္ဂါနေ့၊ ချန်ပီယံလိဂ်ပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်ကို ၅-၂ ဂိုး ဆိုတဲ့ရလဒ်ဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် တော့တင်ဟမ်ကစားသမားတွေက ယာယီနည်းပြအီဂေါတူဒေါအပေါ် ယုံကြည်မှုမရှိတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ အသင်းဆီရောက်ရှိလာတဲ့ သောမတ်စ်ဖရန့်ခ်ကို တော့တင်ဟမ်အသင်း ရာထူးမှထုတ်ပယ်ပြီးနောက် အသက် ၄၇ နှစ်အရွယ်နည်းပြကအသင်းရဲ့အခြေအနေတွေကို ပြန်လည်ထိန်းကျောင်းဖို့အတွက် မြောက်လန်ဒန်ကလပ်အသင်းဆီ ရောက်ရှိလာပါတယ်။

သူ့လက်ထက်မှာ တော့တင်ဟမ်က ဗွေဆော်ဦးပွဲစဉ်လေးခုလုံးကို ရှုံးနိမ့်ထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာရမယ့်အခြေအနေနဲ့ ရင်ဆို်ငနေရသလို ပရီးမီးယားလိဂ်တန်းဆင်းဇုန်နဲ့လည်း တစ်မှတ်သာကွာဟပါတော့မယ်။

The Telegraph ရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်ကစားသမားတွေက အခုအချိန်မှာ အသင်းရဲ့အခြေအနေတွေ ပြန်လည်ကောင်းမွန်အောင် တူဒေါလုပ်ဆောင်နိုင်မယ်ဆိုတဲ့အချက်အပေါ် ယုံကြည်မှု လုံးဝမရှိတော့ဘူးလို့ သိရပါတယ်။

လာမယ့်တနင်္ဂနွေနေ့(မတ် ၁၅ ရက်)၊ အန်ဖီးလ်ခရီးစဉ်မတိုင်ခင် ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲကိုတော့ တူဒေါပဲ တက်ရောက်လိမ့်မယ်လို့ ကလပ်အသင်းဘက်မှ အတည်ပြုထားပါတယ်။