
ပဲလေ့စ်စတားကိုခေါ်ယူဖို့ ဆွေးနွေးနေဆဲဖြစ်တဲ့ ဘိုင်ယန်
လီဗာပူးအသင်းက ခေါ်ယူနိုင်ဖို့နီးစပ်ခဲ့တဲ့ ပဲလေ့စ်နောက်ခံလူ ဂူဟီကို ဘိုင်ယန်အသင်းက ဆွေးနွေးနေဆဲလို့ သိရပါတယ်။ လာမယ့်နွေရာသီမှာ လီဗာပူးအသင်းက အင်္ဂလန်သားကိုခေါ်ယူဖို့ ပြင်ဆင်ထားပြီး ဘိုင်ယန်ကလည်း ကြားဖြတ်ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။ စကိုင်းဂျာမနီသတင်းထောက် ပလက်တန်ဘာ့ဂျ်ရဲ့အဆိုအရ ဘိုင်ယန်ဟာ ပဲလေ့စ်စတားကိုခေါ်ယူဖို့ အာရုံစိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဘိုင်ယန်အားကစားဒါရိုက်တာ အီဘာရယ်က ဂူဟီရဲ့တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပြီးဖြစ်တယ်လို့ သိရပါတယ်။ ဂူဟီဟာ ပြီးခဲ့တဲ့လတွေကတည်းက တိုးတက်လာခဲ့တာဖြစ်ပြီး အီဆက် ၊ ယိုကရက်စ် ၊ ဝီဆာတို့လို နွေရာသီအပြောင်းအရွှေ့အတွင်း သတင်းကြီးခဲ့တာဖြစ်ပါတယ်။ လက်ရှိစာချုပ်သက်တမ်းက အခုရာသီအကုန်မှာကုန်ဆုံးမှာဖြစ်တာကြောင့် ပဲလေ့စ်အနေနဲ့ သင့်လျော်တဲ့တန်ကြေးရမယ့်အခွင့်အရေးဆုံးရှုံးတော့မှာဖြစ်ပါတယ်။ ဇန်နဝါရီမှာရောင်းချမယ်ဆိုရင် စာချုပ်သက်တမ်းက အနည်းငယ်သာကျန်တော့တာကြောင့် မြင့်မားတဲ့ငွေကြေးရရှိဖို့မရှိတော့တာဖြစ်ပါတယ်။
လာမယ့်နွေမှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် ဂူဟီအနေနဲ့ လာမယ့်ဇန်နဝါရီမှာတင် ပြည်ပကလပ်အသင်းတစ်ခုနဲ့ အကြိုသဘောတူညီမှုရယူနိုင်မှာဖြစ်ပါတယ်။ လီဗာပူးအသင်းထက် အဆိုပါအခြေအနေမှာ ဘိုင်ယန်က အားသာချက်ရှိနေပြီး ဘာစီလိုနာ နဲ့ ရီးရဲလ်တို့ကလည်း ဂူဟီအခြေအနေကို စောင့်ကြည့်နေတယ်လို့ ပလက်တန်ဘာ့ဂျ်က ဆိုပါတယ်။ ဘိုင်ယန်မှာ ယခင်အသသင်းဖော်ဟောင်း အိုလစ်ဆီရှိနေတာကြောင့် ဂူဟီအနေနဲ့ ဘိုင်ယန်ကိုပြောင်းရွှေ့နိုင်ချေလည်းရှိနေပါတယ်။
ပလက်တန်ဘာ့ဂျ်ကတော့ ဘိုင်ယန်အနေနဲ့ ဂူဟီကိုခေါ်ယူဖို့က လက်ရှိနောက်ခံလူတွေဖြစ်တဲ့ အူပါမီကာနို ၊ ကင်ဂျေမင်းတို့အပေါ်မှာ မူတည်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဘိုင်ယန်ဟာ ခံစစ်ပိုင်းကို အားဖြည့်ရမှာဖြစ်ပြီး မကြာသေးခင်တုန်းက လီဗာပူးအသင်းဟာ ဂူဟီကိုခေါ်ယူဖို့ အနီးစပ်ဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပဲလေ့စ်ဘက်က အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ရောင်းချဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ ဟာဂျယ်ဆန်ကိုခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း အလာဘာထွက်ခွာမယ့်အပြင် ရူဒီဂါကလည်း အသက်ကြီးနေပြီဖြစ်တာကြောင့် အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ ဘာစီလိုနာမှာလည်း ရီးရဲလ်နည်းတူ အာရူဂျိုအနာဂတ်ကမသေချာချိန် ခံစစ်ပိုင်းမှာ လိုအပ်ချက်ရှိလာမှာဖြစ်ပါတယ်။