The network connection is lost.

Banner Image

ဆုဖလားနှစ်လုံးကို အိမ်အရောက် သယ်ဆောင်လာချင်နေကြပြီလို့ ဖွင့်ဟလာတဲ့ အိုဒီဂတ်

ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားနှစ်လုံးကို သိမ်းပိုက်ဖို့ အာဆင်နယ်အသင်းသားတွေ အဆင်သင့်ဖြစ်နေပြီလို့ အသင်းကြယ်ပွင့်မာတင်အိုဒီဂတ်က ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ဂန်းနားတွေက တနင်္လာညပိုင်းမှာ ဘန်လေကို အနိုင်ရရှိခဲ့လို့ ပရီးမီးယားလိဂ်ဆုဖလားရရှိရန် အလွန်နီးစပ်လာခဲ့ပြီး အခုသီတင်းပတ်ကုန်၊ ခရစ္စတယ်ပဲလေ့စ်ကိုသာ အမှားအယွင်းမရှိအနိုင်ရရှိမယ်ဆိုရင် ချန်ပီယံဆုကို လက်ဝယ်ပိုင်ပိုင်ရယူနိုင်ပါလိမ့်မယ်။

တဖက်မှာလည်း မန်စီးတီးအတွက် ရာသီပိတ်နောက်ဆုံးနေ့အထိ ချန်ပီယံဆုအတွက် အားထုတ်ယှဉ်ပြိုင်ချင်တယ်ဆိုရင် အင်္ဂါညပိုင်း၊ အဝေးကွင်းမှာ ဘုန်းမောက်ကို မဖြစ်မနေအနိုင်ရရှိဖို့ လိုအပ်နေပြီး ခြေချော်မယ်ဆိုရင်တော့ အာဆင်နယ်တို့ စောစောစီးစီး ချန်ပီယံဖြစ်သွားပါလိမ့်မယ်။

ပြီးခဲ့တဲ့သုံးရာသီဆက်တိုက်လိဂ်အမှတ်ပေးဇယားဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်က ဒီလနှောင်းပိုင်းမှာလည်း ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲရှိသေးလို့ ဥရောပချန်ပီယံဖြစ်လာဖို့ အခွင့်အရေး ရှိနေပါတယ်။ 

ဘန်လေနဲ့ပွဲစဉ်အပြီး အိုဒီဂတ်က ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ အသင်းကစားသမားတွေ အလွန်အမင်း ဆာလောင်နေကြပြီး အနည်းဆုံးဆုဖလားတစ်လုံးတော့ မြောက်လန်ဒန်ဆီ ယူဆောင်လာဖို့ မျှော်လင့်နေတယ်လို့ ပြောခဲ့ပါတယ်။ 

"ကျွန်တော် တကယ်ကို ဂုဏ်ယူပါတယ်။ အခုထိတော့ တကယ့်ကို အံ့ဩစရာကောင်းတဲ့ ရာသီတစ်ခုဖြစ်ခဲ့တယ်။ ကျွန်တော်တို့မှာ လိဂ်ပွဲစဉ်တစ်ပွဲနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျန်ပါသေးတယ်။ ဒီဆုဖလားတွေကို အိမ်ကို ယူဆောင်သွားချင်ပါတယ်" လို့ အိုဒီဂတ်က ဆိုပါတယ်။ 

ဆက်လက်ပြီး သူက "ကျွန်တော်တို့မှာ ရှိသမျှ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်။ နောက်ဆုံးအချိန်အထိ ဆက်သွားမှာဖြစ်သလို ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်" လို့လည်း ပြောကြားခဲ့ပါတယ်။