ဇန်နဝါရီမှာ မန်စီးတီးအားဖြည့်ဖို့လိုတဲ့ နေရာ ၂ ခုကို ပြောကြားလိုက်တဲ့ ဂွါဒီယိုလာ
ဆာဗင်ဟို နဲ့ ဟာလန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် မန်စီးတီးဟာ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်မှာ လက်စတာစီးတီးကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး သူတို့ရဲ့ ၅ ပွဲအထိ နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ချန်ပီယံဆုကိုကာကွယ်နေတဲ့အသင်းဟာ ယနေ့မတိုင်မီအထိ နောက်ဆုံးလိဂ်ပွဲစဉ် ၉ ပွဲအနက် ၁ပွဲသာ အနိုင်ရရှိထားပြီး ထိပ်ဆုံးလေးသင်းနှင့် ၄ မှတ်ကွာဟကာ အဆင့် ၅ နေရာသို့ ရောက်ရှိသွားခဲ့ပါတယ်။
စပိန်သားဟာ ၂၀၁၆ ခုနှစ်တွင် အီသီဟက်သို့ ရောက်ရှိပြီးကတည်းက ၎င်းတို့ရဲ့ပထမဆုံးအကြိမ်အဖြစ် အဆိုးရွားဆုံးပုံစံကို ၂ လတာ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ရပါတယ်။ ဒဏ်ရာရကစားသမားများပြားနေခြင်းက အသင်းအတွက် ထိခိုက်မှုများရှိခဲ့ပြီး ဘော်လွန်းဒီအော်ဆု ရရှိထားတဲ့ ရိုဒရီရဲ့ ဒဏ်ရာက ပိုမိုသက်ရောက်မှုရှိခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းဟာဆိုရင် မန်စီးတီးရဲ့နောက်ဆုံး ၁၃ ပွဲတွင် ၂ ကြိမ်သာကစားခဲ့ရပြီး ဗဟိုနောက်ခံလူ ဒီယက်ဇ်ကလည်း နောက်ဆုံး ၃ ပွဲစလုံးကို လွဲချော်ခဲ့ပါတယ်။
ဒီဘရိုင်းဟာ စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်တွင် မိနစ် ၉၀ ပြည့်ကစားထားခြင်းဖြင့် တနင်္ဂနွေနေ့တွင် အပြုသဘောဆောင်တဲ့လက္ခဏာများ ရှိခဲ့သော်လည်း ဂွါဒီယိုလာဟာ လာမယ့်ရက်သတ္တအပတ်အပြောင်းအရွှေ့ဈေးကွက်ပြန်ဖွင့်တဲ့အခါ ကစားသမားသစ်ဖြည့်တင်းဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
" ဒီဘရိုင်း ပြန်ကစားနိုင်နေပြီဖြစ်ပေမယ့် အလယ်တန်းနဲ့ နောက်တန်း အတွက် လိုအပ်ပါတယ်။ တောင်ပံခံစစ်နဲ့ ဗဟိုခံစစ်တွေက ရုန်းကန်နေရပါတယ်" "တချို့နေရာတွေမှာ အကူအညီလိုတယ်။ အသင်းသားတွေက ကောင်းပါတယ်၊ ပြဿနာက ကျွန်တော်တို့မှာ အဓိကကစားသမားတွေဒဏ်ရာရရှိနေတာက အရာအားလုံးကို ခက်ခဲစေပါတယ်"
"ကျွန်တော်တို့အားလုံး အတူတူရှိတုန်းက အသင်းကောင်းဖြစ်ပေမယ့် အရေးကြီးတဲ့ ကစားသမားတွေက ရက်သတ္တပတ်နဲ့ လတွေကြာအောင် နားလိုက်ရတာက အရမ်းခက်ခဲစေပါတယ်" "ဗဟိုခံစစ်ကစားသမားတွေဟာ တစ်ရာသီလုံး ကြံ့ခိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့ပေမယ့် ကွင်းလယ်နဲ့ ဗဟိုခံစစ်နေရာတွေမှာ ရုန်းကန်ခဲ့ရတာကြောင့် ဖြည့်တင်းဖို့လိုနေပါတယ်။ စျေးကွက် ဈေးကွက်ဖြစ်ပြီး ကစားသမားတစ်ဦးခေါ်ယူဖို့ဆိုတာက မလွယ်ပါဘူး ဈေးကြီးနေတာကြောင့် ကလပ်က ဘာလုပ်နိုင်လဲ ကြည့်ရမှာပါ" လို့ စပိန်သားနည်းပြက Sky Sports သို့ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပါတယ်။
သူ့အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး မေးတဲ့အခါ ဂွါဒီယိုလာက "ကျွန်တော်တို့ လိုအပ် ပါတယ်။ ငါတို့အားလုံးပါပဲ။ ဒါဟာ စံပြစွမ်းဆောင်ရည် မဟုတ်ပေမယ့် နိုင်ပွဲတွေက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကို ပိုကောင်းတဲ့ အနေအထားကို ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" "အနိုင်ရဖို့က အရေးကြီးပါတယ်။ ဒုတိယပိုင်းမှာ ခက်ခဲမှုတွေရှိပါတယ်။ မိနစ် ၉၀ ကြာထိန်းထားဖို့ ကျွန်တော်တို့မှာ လုံလောက်တဲ့ စွမ်းအင်မရှိပေမယ့် နှစ်သစ်မှာ ဆိုးရွားတဲ့အခိုက်အတန့်တွေကနေ အနည်းငယ် ပြန်ရုန်းထွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဖြေပါတယ်။
ယခုနွေရာသီတွင် လီဗာပူးသို့ပြောင်းရွှေ့ရန် ငြင်းဆိုထားသည့် ရီးရဲလ်ဆိုစီဒက်ကွင်းလယ်လူ မာတင်ဇူဘီမန်ဒီနှင့် မန်စီးတီးတို့ ချိတ်ဆက်နေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ မန်စီးတီဟာ ဘာစီလိုနာ ကွင်းလယ်ကစားသမား အိုလ်မိုကို စောင့်ကြည့်နေတယ်လို့ ပြောလို့ရပြီး ကတ္တလန်ကလပ်အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ငွေကြေးပြဿနာကြောင့် စပိန်လက်ရွေးစင်ကို လက်လွှတ်ပေးဖို့ ဖိအားပေးခံနေရတယ်လို့ သိရပါတယ်။