The network connection is lost.

Banner Image

မာတီစီဖူယန်တက်စ်ကို ထုတ်ပယ်ပြီးနောက် နည်းပြသစ်ရှာဖွေနေတဲ့ လက်စတာ

လက်စတာအသင်းက မာတီစီဖူယန်တက်စ်ကို ရာထူးမှထုတ်ပယ်လိုက်ပြီးနောက် ဂယ်ရီရိုးဝတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ ချန်ပီယံရှစ်အမှတ်ပေးဇယားအောက်ခြေပိုင်းမှာ ရုန်းကန်နေရတဲ့ လက်စတာအသင်းက ဇန်နဝါရီလကုန်ပိုင်းမှာပဲ အသက် ၄၃ နှစ်အရွယ် စီဖူယန်တက်စ်ကို တာဝန်မှရပ်နားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့လိဂ်ခုနစ်ပွဲဆက် တစ်မှတ်သာရရှိမှု၊ ပရီးမီးယားလိဂ်မှာကစားခဲ့ချိန် ဘဏ္ဍာရေးစည်းမျဉ်းတွေ ချိုးဖောက်ခဲ့မှုကြောင့် ခြောက်မှတ်လျှော့ပြစ်ဒဏ်ကျခံရမှုတို့ကြောင့် လတ်တလောမှာ လက်စတာက ချန်ပီယံရှစ်တန်းဆင်းဇုန်အတွင်း ကျရောက်နေပါတယ်။

အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့လက်စတာအသင်းဟာ ဘောလုံးရာသီအတွက်အဆုံးအဖြတ်ကာလဆီ ရောက်ရှိလာချိန် အသင်းကိုကယ်တင်ဖို့အတွက် အသက် ၅၁ နှစ်အရွယ်ရိုးဝတ်ကိုတာဝန်ပေးရန် ရွေးချယ်ထားတယ်လို့ The Telegraph ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ရိုးဝတ်က ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း တစ်နှစ်ကြာတာဝန်ယူခဲ့တဲ့ အောက်စဖို့ဒ်ယူနိုက်တက်အသင်းမှ ထုတ်ပယ်ခံရပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေပါတယ်။