The network connection is lost.

Banner Image

ဒီကလန်ရိုက်စ် နှင့် မာဂယ်ဟေးစ် တို့ရဲ့ အငြင်းပွားမှုအပေါ် ပြောကြားလိုက်တဲ့ အာတီတာ

အာဆင်နယ်ကစားသမားနှစ်ဦးဖြစ်သည့် ဒီကလန်ရိုက်စ် နှင့် ဂါဘရီရယ်မာဂယ်ဟေးစ် တို့သည် ဗုဒ္ဓဟူးနေ့ညက နော်တင်ဟမ်ဖောရက်စ် နှင့် ဂိုးမရှိ သရေကျပြီးနောက် ပွဲပြီးချိန်တွင် အငြင်းပွားခဲ့ကြတာဖြစ်ပါတယ်။ ထိုရလဒ်ကြောင့် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဆုဖလား ရရှိရန် မျှော်လင့်ချက်များကို လက်တွေ့ပြီးဆုံးစေခဲ့ပြီး ဂန်နာတွေဟာ လီဗာပူးနှင့် ၁၃ မှတ် ကွာဟသွားခဲ့ရပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ စလော့ရဲ့အသင်းအော်က ၁ ပွဲလျော့ကစားထားပြီး ထိုပွဲကို အနိုင်ရပါကလည်း လီဗာပူးနှင့် ၁၀ မှတ် ကွာနေအုံးမှာဖြစ်ပါတယ်။ မြောက်လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ်ဆုဖလားကို စိန်ခေါ်မှုကို ၃ နှစ်ဆက်တိုက် မအောင်မြင်ဘဲ ကျန်ရစ်ခဲ့တဲ့အတွက် စိတ်ခံစားမှုများ မြင့်တက်နေခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမား ရိုက်စ်က ဘရာဇီးခံစစ်မှူး ဂါဘရီရယ်ထံ လက်ဟန်ခြေဟန်ပြကာ အော်ဟစ်နေသည်ကို TNT Sports ကင်မရာများက မြင်တွေ့ခဲ့ပါတယ်။

ပွဲပြီးနောက် ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး အာတီတာအား မေးမြန်းတဲ့အခါ "သူတို့က တစ်ဦးကိုတစ်ဦး ပိုမိုတောင်းဆိုနေကြတာဖြစ်နိုင်ပါတယ်" "သူတို့ဆွေးနွေးခဲ့တဲ့ အကြောင်းအရာကို ကျွန်တော် တကယ်မသိပါဘူး။ ကျွန်တော်က ဒိုင်လူကြီးတွေနဲ့ ကျွန်တော်တို့ရဲ့ ပရိသတ်တွေဆီ လမ်းလျှောက်သွားခဲ့တယ် ဘာမှမမြင်ခဲ့ပါဘူး" လို့ ဖြေပါတယ်။

ဂါဘရီရယ်ဟာအာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ဆုဖလားစိန်ခေါ်မှုအတွက် နောက်ဆုံး ၂ နှစ်အတွင်း အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပြီး ဆာလီဘာ နှင့် အဓိက တွဲကစားခဲ့ပါတယ်။ ၂၇ နှစ်အရွယ် ကစားသမားဟာ ပြင်သစ်ကလပ် လိုင်လီမှ လွန်ခဲ့တဲ့ ၅ နှစ်က ရောက်လာခဲ့တာပါ။ ရိုက်စ်ကတော့ ၂၀၂၃ ခုနှစ် နွေရာသီတွင် ဝက်စ်ဟမ်းမှ အာဆင်နယ်သို့ ပြောင်းရွှေ့လာခဲ့ပြီး များစွာသောသူတို့က သူ့ကို ပဟေဠိရဲ့ နောက်ဆုံးအပိုင်းအစအဖြစ် မြင်ခဲ့ကြသော်လည်း သူက မန်စီးတီးထံ လက်လွတ်ခဲ့ရတဲ့ ဆုဖလားအတွက် ဂန်နာတွေအပေါ် ကူညီပေးနိုင်ခြင်းမရှိခဲ့ပါဘူး။

၂၆ နှစ်အရွယ် ရိုက်စ်က အမ်မရိတ်စ်တွင် အသင်းဖော်ဖြစ်လာပြီးနောက် ဂါဘရီရယ် နှင့်ပတ်သက်ပြီး များစွာချီးကျူးပြောဆိုခဲ့ပါတယ်။ "တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့သူက ဂါဘရီရယ်ပါ" လို့ လွန်ခဲ့တဲ့ ၁၂ လတုန်းက ရိုက်စ်က ပြောကြားခဲ့ပါတယ် "သူက အရမ်းရဲရင့်တယ် အရမ်းအားကောင်းတယ် အမြဲတမ်း လိုချင်စိတ်ရှိပါတယ်"

မေလတွင် ရိုက်စ်က Stadium Astro သို့ "ဆာလီဘာ အကြောင်း ကျွန်တော်မလာခင်က အများကြီးပြောခဲ့ဖူးပါတယ်။ သူ့ အကြောင်းပဲ အမြဲပြောနေကြပါတယ် ဂါဘရီရယ် အကြောင်းကို တစ်ယောက်မှ မပြောကြဘူး။ တကယ်တော့ ဒီလူသာရှိရင် ကျွန်တော်တို့ ဒုက္ခရောက်နိုင်တယ်" လို့ ပြောကြားခဲ့ပါတယ်။ ကစားသမားနှစ်ဦးစလုံးက ဗုဒ္ဓဟူးနေ့က ဖောရက်စ် နှင့် ဂိုးမရှိသရေကျတဲ့ပွဲတွင် ကောင်းမွန်တဲ့ စွမ်းဆောင်မှုများကို ပြသခဲ့ပြီး အာဆင်နယ်ရဲ့ ပြဿနာကတော့ အဓိကအားဖြင့် တိုက်စစ်တွင် ဖြစ်နေပြီး ခံစစ်နှင့် အလယ်တန်းမှာ မဟုတ်ပါဘူး။

အာဆင်နယ်ရှိ တိုက်စစ်ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် မာရီနိုက တိုက်စစ်မှူးအဖြစ် ထပ်မံကစားခဲ့သော်လည်း စီးတီးဂရောင်းတွင် သိသာတဲ့ လွှမ်းမိုးမှုများ မပြုလုပ်နိုင်ခဲ့ပါဘူး။