The network connection is lost.

Banner Image

ဝမ်နရီကို အငှားချလိုက်တဲ့အပေါ် နောင်တမရဘူးလို့ အာဆင်နယ်နည်းပြ အာတီတာ ပြောကြား

အီသန်ဝမ်နရီကို မာဆေးလ်အသင်းဆီ အငှားစေလွှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် နောင်တရစရာ မရှိဘူးလို့ အာဆင်နယ်နည်းပြ မီကယ် အာတီတာက အခိုင်အမာ ပြောကြားလိုက်ပါတယ်။


အာဆင်နယ်အသင်းဟာ ကွင်းလယ်လူ မီကယ်မီရီနိုက တစ်ရာသီလုံး အနားယူရမှာဖြစ်သလို၊ ကိုင်ဟာဗက်ဇ်ကလည်း တစ်လကြာ အနားယူရမှာဖြစ်တဲ့အတွက် ကွင်းလယ်ပိုင်းမှာ ဒဏ်ရာပြဿနာ နှစ်ထပ်ကွမ်း ရင်ဆိုင်နေရပါတယ်။


ပြီးခဲ့တဲ့လက ကွင်းလယ်လူ ဝမ်နရီကို ပြင်သစ်ကလပ်ဆီ အငှားချခဲ့တာနဲ့ပတ်သက်ပြီး နောင်တရသလားလို့ မေးမြန်းရာမှာတော့ အာတီတာက "ဖြစ်ပြီးမှ နောက်ကြောင်းပြန်ပြောဖို့ကတော့ လွယ်ပါတယ်၊ ဆုံးဖြတ်ချက်ချတုန်းကတော့ မီကယ်က ငါးလလောက် အနားယူရမယ်၊ ကိုင်ကလည်း အခုလို ဖြစ်သွားမယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့ကြပါဘူး" လို့ ဖြေကြားခဲ့ပါတယ်။


အသင်းအနေနဲ့ လက်ရှိအခြေအနေအပေါ် မူတည်ပြီးတော့ပဲ ဆုံးဖြတ်ချက်တွေ ချမှတ်ရတာဖြစ်တယ်လို့လည်း အာတီတာက ရှင်းပြပါတယ်။


ဆက်လက်ပြီး အာတီတာက"ဒါဟာ ကံမကောင်းတာပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ကတော့ လက်ရှိအခြေအနေ၊ ရင်ဆိုင်နေရတဲ့ အဝန်းအဝိုင်းနဲ့ အသင်းအတွက်ရော၊ အီသန်အတွက်ပါ အကောင်းဆုံးဖြစ်မယ့်အရာပေါ် မူတည်ပြီးတော့ပဲ ဆုံးဖြတ်ချက် ချရတာပါ" လို့ ပြောပါတယ်။


ဒါ့အပြင် အခုလို အငှားသွားကစားတာဟာ ဝမ်နရီရဲ့ တိုးတက်မှုအတွက် မှန်ကန်တဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့လည်း သူက ယုံကြည်နေပါတယ်။


"သူ့အတွက်ကတော့ ပတ်ဝန်းကျင်အသစ်ကို သွားရောက် ထိတွေ့ခွင့်ရတာ၊ ပွဲကစားခွင့် ပိုရတာနဲ့ ကျွန်တော်တို့ဆီ ပြန်လာဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်နိုင်တာတွေဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဆိုတာ ရှင်းလင်းပါတယ်" လို့ ၎င်းက ဆိုခဲ့ပါတယ်။