The network connection is lost.

Banner Image

အာဆင်နယ်ရဲ့ပွဲကို သွားရောက်အားပေးခဲ့တဲ့ ယူနိုက်တက်လူငယ်ကြယ်ပွင့် ဂါဘရီရယ်လ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး ဂျေဂျေ ဂါဘရီရယ်လ်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တော့တင်ဟမ်ဟော့စပါးကွင်းရဲ့ အထူးတန်းမှာ တွေ့ခဲ့ရပါတယ်။

အသက် ၁၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလားအလာကောင်းတဲ့ ဒီလူငယ်ကစားသမားလေးဟာ အာဆင်နယ်အသင်းက စပါးအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ကို ကြည့်ရှုခဲ့တာပါ။

ဒါပေမဲ့ ဂါဘရီရယ်လ်ဟာ ဒီပွဲကို လျှို့ဝှက်သွားရောက်ခဲ့တာတော့ မဟုတ်ပါဘူး။ သူဟာ ဖခင်ဖြစ်သူနဲ့အတူ ပွဲကြည့်နေတဲ့အကြောင်းကို လူမှုကွန်ရက်ပေါ်မှာ ကိုယ်တိုင်တင်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ အခုလိုမျိုး ပွဲကြည့်ဖို့အတွက် သူ့ကို ဖိနပ်စာချုပ် ချုပ်ဆိုထားတဲ့ Nike ကုမ္ပဏီရဲ့ ဖိတ်ကြားချက်အရ ဧည့်သည်အဖြစ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ဂါဘရီရယ်လ်အနေနဲ့ အသက် ၁၇ နှစ်ပြည့်မှသာ ယူနိုက်တက်နဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခွင့် ရရှိမှာဖြစ်ပြီး လာမယ့် အောက်တိုဘာလကျမှသာ အသက် ၁၆ နှစ် ပြည့်မှာ ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ ဂါဘရီရယ်လ်ရဲ့ ဖခင်ဖြစ်သူ ဂျိုး အိုဆာရီရဲလ်ဟာ အာဆင်နယ်လူငယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။