
ဆာကာ နဲ့ မာတီနယ်လီတို့ဒဏ်ရာအခြေအနေတွေကို ထုတ်ဖော်ပြောကြားလာတဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက ဆာကာ နဲ့ မာတီနယ်လီတို့ လာမယ့်ပီအက်စ်ဗွီနဲ့ချန်ပီယံလိဂ်ပွဲကို လွဲချော်နိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အာတီတာက နော်တင်ဟမ်ကိုသရေကျခဲ့ပြီးနောက် ဆာကာ နဲ့ မာတီနယ်လီတို့ဟာ လာမယ့်လနိုင်ငံတကာရက်သတ္တပတ်မတိုင်ခင်အထိ ပြန်လာနိုင်မှာမဟုတ်ကြောင်း အတည်ပြုလိုက်ပါတယ်။ ၂ ဦးစလုံးဟာ တံကောက်ကြောဒဏ်ရာရရှိနေတာဖြစ်ပြီး လာမယ့်ပီအက်စ်ဗွီ ၊ ယူနိုက်တက် ၊ ချဲလ်ဆီးနဲ့ပွဲတွေကို လွဲချော်မှာဖြစ်ပါတယ်။
“ကျွန်တော် သူတို့ပြန်လာမယ်လို့ မထင်ပါဘူး။ နိုးပါ။ ဖူလ်ဟမ်နဲ့ပွဲမှာတော့ ပြန်လာနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လာမယ့်ရက်အနည်းငယ်အတွင်း သူတို့အဆင်ပြေလားဆိုတာကို စောင့်ကြည့်ရမှာပါ။ အဲ့တာပြီးရင်တော့ သူတို့အခြေအနေကို တိုးတက်လာလားဆိုတာ သိရပါတယ်။
သူတို့အချိန်အတော်ကြာနားနေရတာပါ။ ဒါကြောင့် ကျွန်တော်တို့ အလှည့်ကျသွားနေရပါတယ်။ သူတို့ ကောင်းကောင်းပါဝင်လာပေမယ့် အချိန်လိုအပ်နေပါသေးတယ်။ မနက်ဖြန်အစည်းအဝေးမှာ သူတို့အခြေအနေကို ဆွေးနွေးပါမယ်။ အထူးသဖြင့် သူက ဆာကာထက် စောပြီးပြန်လာနိုင်ချေရှိနေပါတယ်။ ဒါပေမယ့် စစ်ဆေးမှုတွေပြုလုပ်ရဦးမှာပါ”လို့ အာတီတာက ဆာကာ နဲ့ မာတီနယ်လီတို့အခြေအနေကို ပြောကြားခဲ့ပါတယ်။
အဓိကကစားသမားတွေဒဏ်ရာပြဿနာရှိနေမှုနဲ့အတူ အာဆင်နယ်ဟာ နော်တင်ဟမ်ကို သရေကျခဲ့ပြီး လီဗာပူးအသင်း နဲ့ ၁၃ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။ “အနိုင်မရခဲ့လို့ အရမ်းစိတ်ပျက်မိပါတယ်။ ဒီနေ့အဆင့်အတန်းက ယခင်ပွဲတွေနဲ့ခြားနားခဲ့ပါတယ်။ ခွန်အား ၊ စိတ်ပိုင်းဆိုင်ရာက အနိုင်ရဖို့နီးစပ်ခဲ့ပါတယ်။ ကျွန်တော်တို့ မတူညီတဲ့နည်းလမ်းတွေနဲ့ ကြိုးစားခဲ့ပါတယ်။
ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ပိုကောင်းလာခဲ့ပါတယ်။ သူတို့ဘက်က အခွင့်အရေးအနည်းငယ်ပြန်ရတာကလွဲရင် ကျွန်တော်တို့ အခွင့်အရေးကောင်းတွေဖန်တီးနိုင်ခဲ့ပါတယ်။ နောက်ဆုံး final pass တွေမှာ လိုအပ်ချက်ရှိခဲ့တာပါ။ အဲ့လိုသာ သေချာလေးပေးပို့နိုင်မယ်ဆိုရင် ကျွန်တော်တို့ အနိုင်ရနိုင်ချေရှိပါတယ်။ ကျွန်တော်တို့ဘာလုပ်နိုင်လဲဆိုတာက အကြောင်းအရာပါ။ အဲ့တာက ဒီအပတ်မတိုင်ခင် ၊ ၂ ပတ်မတိုင် ၊ ၃ လလောက်တုန်းကနဲ့ဆင်တူပါတယ်။
အဲ့တာက အတူတူပါပဲ။ ကျွန်တော်တို့ လုပ်နိုင်တာက ထိန်းချုပ်ကစားနိုင်တာပါ။ တကယ့်အခွင့်အရေးကောင်းဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီနေ့မှာ ၂ မှတ်လျော့ခဲ့ပြီး အရမ်းကိုမှနာကျင်ရပါတယ်။ ကျွန်တော်တို့ ဆက်သွားရပါမယ်။။ ချန်ပီယံလိဂ်ကန်ရဦးမှာဖြစ်ပြီး အရမ်းကိုလှတဲ့ပြိုင်ပွဲရှိနေပါတယ်။ အင်္ဂါနေ့အတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။