The network connection is lost.

Banner Image

အခုဘောလုံးရာသီ၊ ပရီမီးယားလိဂ်ချန်ပီယံဖြစ်လာနိုင်မယ့်ကလပ်အသင်းကို ရွေးချယ်လိုက်တဲ့ အမ်ဘာပေ

လီဗာပူးကို ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ထားကြပေမယ့် အမ်ဘာပေကတော့ အာဆင်နယ်ကို အခုဘောလုံးရာသီအတွင်း နောက်ထပ်ခြေလှမ်းသစ်တစ်ခုချမှတ်ကာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား အရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဂန်းနားတွေက မန်စီးတီး(နှစ်ကြိမ်)၊ လီဗာပူးတို့ကို အရေးနိမ့်ကာ ဒုတိယနေရာမှာပဲ စံချိန်တင်သုံးရာသီဆက် ရပ်တည်ခဲ့ပြီး အခုဘောလုံးရာသီမှာတော့ ဦးဆုံးပန်းဝင်နိုင်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားပါလိမ့်မယ်။ အာဆင်နယ်နည်းပြအာတီတာကိုယ်တိုင်လည်း အမ်ဘာပေရဲ့ထောက်ခံအားပေးမှု ကို လက်ခံသွားမှာဖြစ်ပေမဲ့ အခုနွေရာသီကာလအတွင်း အပြောင်းအရွှေ့အသုံးစရိတ်ပေါင်သန်း ၂၅၀ အထိရှိထားလို့ ပြီးခဲ့တဲ့ရာသီထက် ချန်ပီယံပြေးလမ်းမှာ ပိုမိုအားကောင်းတဲ့တိုက်ပွဲဝင်မှုတစ်ခု ထုတ်ပြသွားရမယ်ဆိုတဲ့အချက်ကိုလည်း သိရှိထားပါလိမ့်မယ်။ ပြီးခဲ့တဲ့သီတင်းပတ်၊ လီဗာပူးနဲ့ပွဲစဉ်မှာ ဆိုဘိုဆလိုင်းရဲ့အံ့ဖွယ်ဖရီးကစ်သွင်းဂိုးကြောင့် အာဆင်နယ်ရဲ့ချန်ပီယံဆုမျှော်လင့်ချက်အတွက် ခလုတ်ကန်သင်းတစ်ခု ကြုံတွေ့ခဲ့ရပေမယ့် အမ်ဘာပေကတော့ ဂန်းနားတွေကို ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်လိဂ်ချန်ပီယံဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ ခံစားမိနေပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံ ဘယ်သူဖြစ်လာမလဲဆိုတဲ့ BILD ရဲ့မေးမြန်းမှု ကို အမ်ဘာပေက “ ဟုတ်ပါတယ်၊ လီဗာပူးက ချန်ပီယံဆုတွေ တစ်ခုပြီးတစ်ခု ရယူဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် ပထမဦးဆုံးဦးစားပေးအဖြစ် ပြောရပါလိမ့်မယ်။ ဒါပေမဲ့ အာဆင်နယ်အတွက်လည်း ကျွန်တော့်ဆီမှာ မျှော်လင့်ချက်ကြီးကြီးမားမား ရှိနေပြန်ပါတယ်။ အာဆင်နယ်ရဲ့အမာခံကစားသမားတွေက တစ်ဦးနဲ့တစ်ဦး ကာလရှည်တွဲကစားခဲ့ဖူးပြီး ဒီအချက်က ဘောလုံးမှာ အလွန်အရေးကြီးလို့ပါပဲ။ ပြီးတော့ မန်စီးတီးကလည်း ပက်ဂွါဒီယိုလာ၊ ဟာလန်းတို့နဲ့အတူ ချန်ပီယံဆုတိုက်ပွဲ၊ ရှေ့တန်းတစ်နေရာမှာ အမြဲတမ်းပါဝင်ပါနေပါတယ်။

အာဆင်နယ်ဖြစ်နိုင်ပါတယ်။ ဒီနှစ်တော့ သူတို့အတွက် ဖြစ်သွားနိုင်ပါတယ်။ မန်စီးတီး(သို့)လီဗာပူးလို့ ပြောလိုက်မယ်ဆိုရင်တော့ ပိုလွယ်ကူတာပေါ့”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

ဂန်းနားတွေက လာမယ့်သီတင်းပတ်အကုန်၊ ပရီးမီးယားလိဂ်ပြိုင်ပွဲစတင်ချိန် နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ယူကာ အန်ဖီးလ်ကွင်းစိတ်ပျက်ခဲ့ရမှုမှ ပြန်လည်ရုန်းထနိုင်ဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်။ ဒီနောက်မှာတော့ သူတို့တွေက ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုနဲ့ စပိန်မြေမှာ ယှဉ်ပြိုင်ကစားသွားရပါမယ်။