ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်သွားမယ်လို့ အတိအလင်းဖွင့်ဟလာတဲ့ ပက်ဂွါဒီယိုလာ
ပက်ဂွါဒီယိုလာက အာဆင်နယ်ရဲ့လီဗာပူးနဲ့ ပွဲစဉ်ဂိုးမရှိသရေကျမှုကြောင့် ချန်ပီယံပြေးလမ်းရဲ့အသွင်အပြင် မပြောင်းလဲသွားဘူးလို့ ပြောပါတယ်။ ဂန်းနားတွေက အန်းစလော့ရဲ့အသင်းကိုသာ အနိုင်ရရှိမယ်ဆိုရင် မန်စီးတီး၊ အက်စတွန်ဗီလာတို့ကို ရှစ်မှတ်အထိ ဖြတ်ထားနိုင်ဖို့ရှိပေမယ့် အခုအချိန်မှာတော့ ခြောက်မှတ်သာ အသာစီးရရှိထားပါတယ်။ ဒါပေမဲ့ မန်စီးတီးနည်းပြကတော့ မိမိအလုပ်ကိုပဲအာရုံစိုက်ကာ အခြားသူတွေဆီ စိတ်မဝင်စားနိုင်ဘူးလို့ ပြတ်ပြတ်သားသားတုံ့ပြန်ခဲ့ပါတယ်။
အိတ်စ်တာနဲ့ရင်ဆိုင်ရမယ့် အက်ဖ်အေဖလားပွဲစဉ်မတိုင်ခင် ပက်ဂွါဒီယိုလာက “ အသင်းတစ်ခု အမှတ်တွေ လျော့ကျနေတယ်ဆိုရင် ပိုကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း သုံးပွဲဆက်သရေကျကာ အနိုင်ရလဒ်နဲ့ ဝေးကွာခဲ့ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်အာရုံစိုက်တာ ပိုကောင်းပါတယ်။ လီဗာပူးလိုအံ့ဖွယ်အသင်းတစ်ခုက အမ်းမရိတ်စ်မှာလည်း တစ်မှတ်ရနိုင်လို့ အခြေအနေပိုကောင်းလာပြီလို့ ထင်မြင်မယ်ဆိုရင် အမှားကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။
ကိုယ့်ကိစ္စကိုယ်ပဲစဉ်းစားတာ ပိုကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်တို့အသင်းရဲ့ မယုံကြည်နိုင်စရာအရည်အသွေးတစ်ခုက ပွဲတွေကိုအနိုင်ရရှိမယ့်နည်းလမ်း ရှာဖွေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာတော့ မမေးကြပါနဲ့၊ ဒါပေမဲ့ ကျွန်တော်တို့ အမြဲတမ်းလုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးသုံးပွဲဆက်သရေကျမှုနဲ့အလားသဏ္ဍန်တဲ့၊ အဲ့ဒါထက် ပိုဆိုးတဲ့အရာမျိုး ကျွန်တော်တို့လည်း ကျူးလွန်မိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာရှိနေတဲ့ မေးခွန်းတစ်ခုက အချိန်နဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။
ကစားပုံ၊ အခွင့်အရေးဖန်တီးနိုင်စွမ်းနဲ့ပတ်သက်လို့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်အခြေအနေက ဆန်းဒါးလန်း၊ ချဲလ်ဆီး၊ ဘရိုက်တန်တို့နဲ့ရင်ဆိုင်ချိန်ထက် ပိုမိုညံ့ဖျင်းခဲ့ပေမယ့် နိုင်ပွဲတော့ ရရှိခဲ့ပါတယ်။ ကျွန်တော်တို့တွေ နည်းလမ်းရှာမတွေ့ခဲ့ပါဘူး။ အတိတ်မှာတော့ ကျွန်တော်တို့အသင်းက ဒီလိုပွဲစဉ်တွေမှာ အနိုင်ရရှိဖို့အတွက် နည်းလမ်းရှာတွေ့ခဲ့ပါတယ်။
သရေကျတာပဲဖြစ်ဖြစ်၊ ရှုံးနိမ့်တာပဲဖြစ်ဖြစ် ပိုကောင်းအောင်လုပ်သွားဖို့လိုအပ်တယ်လို့ ပြောမယ်ဆိုရင် မျှတမယ်လို့ ထင်ပါတယ်။ ကိုယ့်အလုပ်ကို ကိုယ်ပဲလုပ်နိုင်ပါတယ်။ ရှစ်မှတ်ကွာဟမှုထက် ခြောက်မှတ်ကွာဟမှုဆိုတာ ပိုကောင်းပေမယ့် အရှိတရားဟာ အရှိတရားသာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာလည်း ခက်ခဲမယ့်ပွဲစဉ်တွေ အများကြီးရှိပါတယ်။ လက်ကျန် ၅၁ မှတ်အတွက် ကစားသွားရပါဦးမယ်။ ခြောက်မှတ်ကွာဟနေလို့ ဘာမှပြောလို့မရသေးပါဘူး။
အချို့အရာအနည်းငယ်ကို ပိုကောင်းအောင်လုပ်နိုင်မယ်ဆိုရင် အတိတ်မှာလည်း ကျွန်တော်ပြောဖူးပါတယ်၊ အသင်းတစ်ခုအဖြစ် တိုးတက်ဖို့အတွက် နောက်ထပ်လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းက သစ်လွင်နေပြီး ကာရာဘောင်ဖလားဆီမီးဖိုင်နယ်အတွေ့အကြုံနဲ့ ဗိုလ်လုပွဲမကစားဖူးတဲ့ကစားသမားတွေရဲ့ အတွေ့အကြုံကိုရယူနိုင်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ အခြားအရာတွေအတွက် ကျွန်တော်တို့အားလုံး အပေါင်းလက္ခဏာဆောင်စွာ အကောင်းဆုံးလုပ်ဆောင်နေပါတယ်”လို့ ပြောပါတယ်။