
ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် ဒိုကူရေးကို ထိပ်တန်းပစ်မှတ်အဖြစ် ခေါ်ယူဖို့ စီစဉ်နေတဲ့ လီဗာပူးအသင်း
လီဗာပူးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် ဒူကူရေးကို ယခုအပြောင်းအရွှေ့ကာလမှာပဲ သူတို့ရဲ့ နံပါတ်တစ်ပစ်မှတ်အဖြစ် ခေါ်ယူရန်စီစဉ်နေကြောင်း သတင်းတစ်ရပ်အရ သိရပါတယ်။ ၎င်းတို့ဟာ မက်အယ်လစ္စတာ၊ ဆိုဘိုဆလိုင်းနှင့် အန်ဒို စသည့် ကစားသမား ၃ ဦးဖြင့် ယခုနှစ်နွေရာသီမှာ အသင်းကို အင်အားဖြည့်တင်းထားပြီးဖြစ်ပါတယ်။
ဒါပေမယ့် ဖာဘင်ဟိုနဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆင်တို့ဟာ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့သွားတာကြောင့် လီဗာပူးအသင်းရဲ့ ကွင်းလယ်အင်အားဟာ လိုအပ်ချက်တွေရှိနေဆဲဖြစ်ပါတယ်။ နည်းပြ ယာဂင်ကလော့ပ်ဟာ မီလ်နာ၊ ကီတာနှင့် ချိန်ဘာလိန်တို့ကိုလည်း ထွက်ခွာခွင့်ပေးလိုက်ပြီး နောက်ထပ် အခြားရွေးချယ်စရာများကို စောင့်ကြည့်နေပါတယ်။
၎င်းတို့သည် အပြောင်းအရွှေ့မပိတ်မီ ဒိုကူရေး အတွက် သဘောတူညီချက်တစ်ခုကို ပစ်မှတ်ထားနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ၎င်းတို့သည် အဆိုပါကစားသမားအတွက် ငွေကြေး ကြီးကြီးမားမား သုံးစွဲရမှာဖြစ်ပါတယ်။ မီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ အဆိုပါ အသက် ၂၄ နှစ်အရွယ် မာလီလက်ရွေးစင်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပြီး လက်ကျန်ကာလအတွက် အဓိကပစ်မှတ်အဖြစ် သူ့ကို သတ်မှတ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
သို့သော်လည်း ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၎င်းတို့ရဲ့ တိုက်စစ်ကစားသမားဖြစ်သူ ဇာဟာ သည် ဂါလာတာစာရေးသို့ ထွက်ခွာသွားပြီး ယခုနွေရာသီတွင် အခြားကြယ်ပွင့်ကစားသမားတစ်ဦးကို မဆုံးရှုံးချင်တာကြောင့် ဒူကူရေးအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ တောင်းဆိုထားကြောင်းသိရပါတယ်။ သို့သော် မီဒီယာတစ်ခုက ဒိုကိုရေးကို ကွင်းလယ်နေရာမှာ မယုံနိုင်လောက်အောင် ပြီးပြည့်စုံသူဟု ဖော်ပြခဲ့ပြီး ၎င်းကိုသာ ခေါ်ယူနိုင်ပါက ပရီးမီးယားလိဂ် ထိပ်ပိုင်းကို စိန်ခေါ်ရန် ကြိုးပမ်းနေတဲ့ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းအတွက် အရေးပါသော ခေါ်ယူမှု ဖြစ်လာမှာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ၎င်းတို့ပစ်မှတ်ထားခဲ့တဲ့ ကိုင်စီဒိုနဲ့ လာဗီယာတို့ကို ချဲလ်ဆီးထံသို့ လက်လွှတ်ခဲ့ရပြီး ပြဿနာရှိသော အသင်းရဲ့ကွင်းလယ်ခံစစ်နေရာကို ဖြည့်ရန် အခြားရွေးချယ်မှုများကို ရွေးချယ်ရမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့က နယူးကာဆယ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင်မှာ ယာဂင်ကလော့ပ်က အပြောင်းအရွှေ့နဲ့ပတ်သက်လာရင် 'ကျရှုံးဖို့ အခြေအနေတွေအများကြီးမရှိဘူး' လို့ ပြောခဲ့ပါတယ်။
သူက "ကျွန်တော်ဒီကိုရောက်ကတည်းက၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်နည်းလမ်းအတိုင်း ရှင်သန်နေခဲ့ရတာပါ။ ကလပ်က ကစားသမားခေါ်ဖို့ လုပ်ရမှာပါ၊ ဒါက လွယ်တော့ မလွယ်ပါဘူး။ တစ်ခြားအသင်းတွေနဲ့ ယှဉ်ရင် ပြဿနာရှိနေပါတယ်။ အဲဒါက တော်တော်များတယ်"လို့ ယာဂင်ကလော့ပ်က ပြောကြားခဲ့ပါတယ်။