The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး မာတီတာကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ပိုင်းကို အဓိကအင်အားဖြည့်တင်းဖို့ပြင်ဆင်နေပေမယ့် ယခုအခါမှာတော့ သတင်းတွေအရ ခရစ္စတယ်ပဲလေ့စ်တိုက်စစ်မှူး ဂျင်းန်ဖီးလစ်မာတီတာကိုခေါ်ယူဖို့ စိတ်ဝင်းတဲ့အရိပ်အယောင်တွေပြသနေတယ်လို့သိရပါတယ်။ 

အသက်-၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာတီတာဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ တုံ့ဆိုင်းနေတာကြောင့် ယူနိုက်တက်အနေနဲ့ ကစားသမားရဲ့ စာချုပ်အခြေအနေကိုစောင့်ကြည့်နေပြီး ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၁၉ ပွဲကစား ရမှတ် ၃၀ နဲ့အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာရပ်တည်နေရပြီး အဆင့် ၅ နေရာကချဲလ်ဆီးနဲ့ရမှတ်တူနေပေမယ့် ဂိုးကွာခြားချက်ကြောင့် အောက်သို့ရောက်ရှိနေတာဖြစ်ပါတယ်။

အိုလီဗာဂလက်စ်နာကိုင်တွယ်နေတဲ့ ခရစ္စတယ်ပဲလေ့စ်ကတော့ ယခုနှစ်ရာသီအစမှာ အဖွင့်လှခဲ့ပေမယ့် မကြာသေးမီက ရလဒ်ဆိုးတွေတောက်လျှောက်ကြုံတွေ့ထားခဲ့တာကြောင့် ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၁၁ နေရာမှာရပ်တည်နေတာြဖစ်ပါတယ်။ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ဟာအမှတ်ပေးဇယားအောက်ဆုံးက ဝုဗ်ကို ၁-၁ နဲ့သရေကျခဲ့တာကြောင့် ရမှတ်ဆုံးရှုံးခဲ့ပါတယ်။ 

တစ်ဖက်မှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ထိပ်ဆုံးကဦးဆောင်ထားတဲ့အာဆင်နယ်ဟာ အက်စတွန်ဗီလာကို ၄-၁ နဲ့အနိုင်ရထားတာကြောင့်မန်စီးတီးကို ၅ မှတ်အထိဖြတ်တောက်ထားနိုင်တာလည်းဖြစ်ပါတယ်။ အက်စတွန်ဗီလာအနေနဲ့ အာဆင်နယ်ကို အရေးနိမ့်ခဲ့ပေမယ့် ရမှတ် ၃၉ မှတ်အထိစုဆောင်းထားနိုင်တာကြောင့် ဇယားရဲ့ တတိယနေရာမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ လိဒ်ကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။