အင်တာမီလန်ကို စွန့်ပယ်ကာ ဘာစီလိုနာနဲ့ ပြန်ပူးပေါင်းဖွယ်ရှိတဲ့ ကန်ဆယ်လို
ကန်ဆယ်လိုက အင်တာမီလန်ရဲ့ကမ်းလှမ်းမှုတစ်ခုကို ပယ်ချခြင်းဖြင့် အယ်လ်ဟီလယ်မှ ဘာစီလိုနာဆီ အငှားဖြင့် ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေအရ သိရပါတယ်။ အင်တာမီလန်က အသက်-၃၁ နှစ်အရွယ်ကစားသမားအတွက် အငှားစာချုပ်ပေါ်ပေါက်လာရေး ဆော်ဒီပရိုလိဂ်ကလပ်အသင်းနဲ့ ဆွေးနွေးနေပြီး စည်းမျဉ်းစည်းကမ်းပိုင်းအတွက် သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။
နောက်ပိုင်းမှာ အီတလီကလပ်အသင်းရဲ့ပစ်မှတ်ကန်ဆယ်လိုကို ဘာစီလိုနာလည်း စိတ်ဝင်စားလာပြီး နောက်ခံလူကိုယ်တိုင်လည်း ကတ္တလန်ဘီလူးကြီးနဲ့ပူးပေါင်းသွားဖွယ်ရှိတယ်လို့ နာမည်ကြီးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုရဲ့ဖော်ပြချက်အရ သိရပါတယ်။
လာလီဂါအမှတ်ပေးဇယားဦးဆောင်သူတွေက ကန်ဆယ်လိုရဲ့လုပ်ခလစာပမာဏအနည်းငယ်ကို ကာမိစေရန် အငှားစာချုပ်အတွက် ယူရိုလေးသန်းပေးချေသွားမယ်လို့ သိရပါတယ်။ ဒီစာချုပ်က ရာသီကုန်အထိ အကျုံးဝင်ဖို့ရှိနေပြီး အပြီးသတ်ဝယ်ယူရမယ့် ရွေးချယ်ခွင့်(သို့မဟုတ်)တာဝန်ဝတ္တရား ပါဝင်သလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။