The network connection is lost.

Banner Image

အင်္ဂလန်နည်းပြနေရာအတွက် ထုတ်ဖော်ပြောကြားလာတဲ့ ကလော့ပ်

အင်္ဂလန်နည်းပြ ဆောက်ဂိတ်နေရာအတွက် ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေ  ထွက်ခဲ့ပြီးနောက် လီဗာပူးနည်းပြဟောင်း ကလော့ပ်က အဆိုပါအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး သူ့ခံစားချက်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အင်္ဂလန်အသင်းကို ၈ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးနောက် ဆောက်ဂိတ်က အင်္ဂါနေ့တုန်းက နည်းပြနေရာကနေ နုတ်ထွက်ခဲ့ပါတယ်။ အခုချိန်မှာတော့ အင်္ဂလန်အသင်းဟာ ဆောက်ဂိတ်နေရာအတွက် နည်းပြသစ်ရှာဖွေရဖွယ်ရှိနေပြီး လာမယ့်စက်တင်ဘာလ ၇ ရက်နေ့မှာ အိုင်ယာလန်နဲ့ နေးရှင်းလိဂ်ပွဲကန်ရမှာဖြစ်ပါတယ်။

ဆောက်ဂိတ်နေရာအတွက် ကလော့ပ်နဲ့အစားထိုးဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ပေါ်တာကလည်း ရေပန်းစားနေပါတယ်။ ဂျာမန်သားဟာ လီဗာပူးအသင်းနဲ့ ၉ နှစ်တာကာလအတွင်း ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်အပါအဝင် ဆုဖလား ၇ လုံးအထိ ရယူနိုင်ခဲ့ပြီး မေလတုန်းက အန်ဖီးလ်ကနေ ထွက်ခွာခဲ့ပါတယ်။ ဒါပေမယ့် အက်ဖ်အေအတွက်တော့ ကလော့ပ်ကိုနည်းပြနေရာအတွက် ခန့်အပ်ဖို့က တစ်နှစ်လောက်အနားယူဦးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ခက်ခဲတဲ့စမ်းသပ်မှုဖြစ်လာနိုင်ပါတယ်။

“အနာဂတ်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်တော် လာမယ့်နှစ်အထိ ဘယ်အသင်းဆီမှသွားမှာမဟုတ်ပါဘူး။ အခြားအင်္ဂလန်ကလပ်တွေကိုလည်း သွားမှာမဟုတ်ပါဘူး။ အဲ့တာကို ကတိပေးနိုင်ပါတယ်”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။ ကလော့ပ်နဲ့ သူ့ဇနီးသည် အူလာတို့ဟာ မာဂျော်ကာကိုပြောင်းရွှေ့ပြီး နေထိုင်နေပါတယ်။ “ဒီအိမ်မှာ ကျွန်တော်တသက်လုံးနေထိုင်ဖို့ စိတ်ကူးထားပါတယ်။ ဒီရာသီဥတု ၊ ဒီကလူတွေကို ကြိုက်ပါတယ်။ ဒီမှာ ကျွန်တော်ကြိုက်တာတွေအများကြီးရှိပါတယ်။ လူတွေကိုလည်း ကျွန်တော်သိပါတယ်။ ကျွန်တော် သူငယ်ချင်းအသစ်ရှာရတာ မကြိုက်ပါဘူး။ ကျွန်တော့်ဘဝမှာ သူငယ်ချင်းတွေရှိပါတယ်။ တကယ်လို့ တချို့တလေ ဒီကိုပြောင်းလာရင်တော့ အဲ့တာက တကယ်ကောင်းမှာပါ။ ကျွန်တော်အခုတော့ အလုပ်ကနေ နားထားပါတယ်။ အနားယူပြီးရင်တော့ နည်းပြအလုပ်ကိုပြန်လုပ်ဖို့ စဉ်းစားထားပါတယ်။ အခုတော့ ဘာစိတ်ကူးမှမရှိသေးပါဘူး။ ဆက်လက်စောင့်ကြည့်တာပေါ့”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

အခုလအစောပိုင်းတုန်းကလည်း ကလော့ပ်ကို အမေရိကန်အသင်းနည်းပြနေရာအတွက် ချိတ်ဆက်ခဲ့သေးပေမယ့် အသက် ၅၇ နှစ်သားက ပယ်ချခဲ့ပါတယ်။