The network connection is lost.

Banner Image

ယာမယ်လ်အပေါ်ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လာတဲ့ ဖွန်တေ

စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖွန်တေက အသင်းရဲ့ပါရမီရှင်တောင်ပံကစားသမား လာမိုင်းယာမယ်လ်အပေါ် ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်လာခဲ့ပြီး သေးငယ်တဲ့အမှားလေးတွေအတွက်နဲ့ ကစားသမားကို အပြစ်တင်သွားမှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယူအီးအက်ဖ်အေနေရှင်းလိဂ်ဗိုလ်လုပွဲမှာ ပေါ်တူဂီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် စပိန်အသင်းဟာ ပရိသတ်ဝေဖန်ပြောဆိုမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး  လာမိုင်းယာမယ်လ်ကလည်း ဝေဖန်မှုထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကြယ်ပွင့်ဟာ ပေါ်တူဂီဘယ်နောက်ခံလူ နူနိုမန်ဒက်စ်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိလို့ အဆိုပါပွဲစဉ်မှာ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဂန္ထဝင် ဂူတီကလည်း ယာမယ်လ်ကိုဦးတည်ပြီး ဝေဖန်မှုတွေပြုလုပ်ခဲ့သလို၊ ပရိသတ်တွေကလည်း ကစားသမားကို ရှုံးပွဲအတွက် အပြစ်တင်ခဲ့ကြတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဖွန်တေက အသင်းပရိသတ်တွေရဲ့ဝေဖန်မှုက အသင်းကိုပဲပြန်ထိမှာဖြစ်ကြောင်း သတိပေးစကားပြောကြားလာခဲ့ပါတယ်။ Mundo Deportivo နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ဖွန်တေက “စပိန်မှာ ကိုယ့်အချင်းချင်းပြန်ပြီးတော့ ဝေဖန်နေတာတွေများပါတယ်။ လာမိုင်းယာမယ်လ်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိပေမယ့်  အမှားလေးတစ်ခုအတွက်နဲ့တော့ ကျွန်တော်တို့ဘယ်သူ့ကိုမှ အပြင်တင်မှာမဟုတ်ပါဘူး။ 

ဘဝမှာ အရာရာက ဘက်ညီနေပါတယ်။ ဘယ်တော့မှာအမြဲတမ်းမအောင်မြင်သလို၊ အမြဲတမ်းလည်း မရှုံးနိမ့်ပါဘူး။ ကျွန်တော်တို့ သတိထားနေဖို့ပဲလိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 
ဝေဖန်မှုတွေရှိနေပေမယ့် ယာမယ်လ်အပေါ်ကိုတော့ သက်ရောက်မှုရှိပုံမပေါ်ဘဲ ကစားသမားဟာ ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်ထားပြီး လူငယ်ပီပီ ဆိုရှယ်မီဒီယာမှာ လှောင်ပြောင်မှုတွေပြုလုပ်နေတာကို မြင်တွေ့ထားရပါတယ်။