
အာဆင်နယ်စတားရဲ့နာမည်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဂယ်ရီလိုင်နီကာ
ဘောလုံးအစီအစဉ်တင်ဆက်သူ ဂယ်ရီလိုင်နီကာက အာဆင်နယ်စတား အီယန်နွမ်နီရီရဲ့နာမည်အသံထွက်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာပါတယ်။ ဆယ်ကျော်သက်စတားဟာ ဒီရာသီအာဆင်နယ်အတွက် စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပီအက်စ်ဗွီကိုအနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာလည်း နောက်ထပ်စွမ်းဆောင်ရည်ကောင်းတစ်ရပ်ပြသနိုင်ခဲ့ပါတယ်။
နွမ်နီရီဟာ အခုလိုမျိုးဥရောပပြိုင်ပွဲမှာ ၄ ပွဲမြောက်မှာတင် အသက် ၁၇ နှစ်အရွယ်နဲ့ ဂိုးသွင်းနိုင်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။ အဆိုပါစွမ်းဆောင်ရည်တွေကြောင့် အီသန်ကို အင်္ဂလန်စီနီယာအသင်းမှာ ရွေးချယ်ဖို့ တူချယ်က စဉ်းစားလာပါတယ်။ “ဘယ်လောက်တောင်ကောင်းတဲ့ နွမ်နီရီရဲ့စွမ်းဆောင်ရည်လဲ။ သူ့အသက်က ၁၇ နှစ်ပဲရှိပါသေးတယ်။ သူက တကယ့်ကို ထိပ်တန်းစွမ်းဆောင်ရည်ပြထားပါတယ်”လို့ အလန်ရှီးယားက ပြောကြားခဲ့ပါတယ်။
လိုင်နီကာကတော့ နွမ်နီရီရဲ့နာမည်အသံထွက်နဲ့ပတ်သက်ပြီး “လူတိုင်းက သူ့နာမည်ကိုပြောကြပါတယ်။ တကယ်လို့ အဲ့တာက ရာနီရေးနီဖြစ်ခဲ့မယ်ဆိုရင်တောင်ပါ။ ဒါပေမယ့် သူက တကယ်ကောင်းတဲ့ကစားသမားဖြစ်လာနေပါတယ်။ ကျွန်တော်တို့ သူ့နာမည်ကိုတော့ တစ်ခုခုစီစဉ်ရမှာပါ။ အခုနာမည်အသံထွက်က အရေးပါတဲ့အရာမဟုတ်ပါဘူး။ ဒီကောင်လေးက စတားတစ်ဦးဖြစ်လာနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ သူ့နာမည်အတွက်ပဲ စီစဉ်ရမှာပါ။ ကျွန်တော် မှားယွင်းခဲ့တယ်ဆိုရင် တောင်းပန်ပါတယ်”လို့ လိုင်နီကာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်မှာ ဒဏ်ရာပြဿနာရှိနေတာကြောင့် လာမယ့်ယူနိုက်တက်နဲ့ပွဲမှာလည်း နွမ်နီရီကို ထပ်မံအသုံးပြုရဖို့များနေပါတယ်။ “သူက ဘယ်လိုတွန်းအားပေးမှုမှလိုအပ်တယ်လို့ကျွန်တော်မထင်ပါဘူး။ ခင်ဗျားသူဘောလုံးနဲ့အတူရှိနေချိန်ဆိုရင် ဘယ်လိုရည်ရွယ်ချက်ရှိလဲဆိုတာ မြင်နိုင်ပါတယ်။တကယ်လို့ သူပိုကောင်းလာတယ်ဆိုရင် အဲ့တာက ကောင်းပါတယ်။
ဒီနေ့ညမှာသူကစားခဲ့တဲ့စွမ်းဆောင်ရည်က တကယ့်ကို အထင်ကြီးစရာပါ။ အခုတော့ တည်ငြိမ်မှုအကြောင်းပြောနေပါတယ်။ လာမယ့် ၃ ရက်မှာလည်း နောက်တစ်ကြိမ်လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ ဂျိုကိုးလ်ကလည်း နွမ်နီရီရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ချီးကျူးပြောကြားခဲ့ပါတယ်။ “ကျွန်တော့်အတွက်တော့ သူက အရမ်းကောင်းပါတယ်။ သူ့အနေနဲ့ ယူ - ၂၁ မှာ ကစားဖို့မလိုတော့ပါဘူး။ သူက တူချယ်ရဲ့အသင်းဆီကို တိုက်ရိုက်သွားရတော့မှာပါ။ ဘာလို့လဲဆိုတော့ သူက လာမယ့် ၁၀ နှစ် ၁၅ နှစ်လောက်မှာ အင်္ဂလန်ကစားသမားဖြစ်လာမှာပါ။
အံ့ဖွယ်အရည်အချင်းရှိသလို ကောင်းမွန်တဲ့စိတ်ပိုင်းဆိုင်ရာလည်း ရှိနေပါတယ်။ သူက အချိန်မှန် အသင်းမှန်မှာရှိနေပါတယ်။ တူချယ်သာ သူ့ကို အင်္ဂလန်အတွက် မရွေးချယ်ခဲ့ရင် ကျွန်တော် အံ့သြမိမှာပါ”လို့ ဂျိုကိုးလ်က ပြောကြားခဲ့ပါတယ်။