The network connection is lost.

Banner Image

မာဆေးလ်နဲ့ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်တဲ့ ဝမ်နရီနဲ့အတူ ကျေနပ်အားရနေတဲ့ ဒီဇာဘီ

မာဆေးလ်နည်းပြဒီဇာဘီက စနေနေ့ပွဲဦးထွက်မှာ ဝမ်နရီဂိုးသွင်းယူနိုင်လို့ ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့ပါတယ်။အာဆင်နယ်ကွင်းလယ်လူက မာဆေးလ်ဆီ ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ရောက်ရှိလာခဲ့ပြီး လန်းစ်ကိုအနိုင်ယူခဲ့တဲ့လီဂူးဝမ်းပွဲစဉ်မှာ ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။

ဒီဇာဘီကိုယ်တိုင်လည်း သူ့ရဲ့ပွဲထွက်လူစာရင်းမှာ အသက်-၁၈ နှစ်အရွယ်ကစားသမားကို ချက်ချင်းဆိုသလို နေရာပေးခဲ့သလို ဝမ်နရီရဲ့အဖွင့်ဂိုးသွင်းယူမှုအပါအဝင် မာဆေးလ်တို့ ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ပွဲစဉ်အပြီး ဒီဇာဘီက “ ဝမ်နရီဆိုတာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်လာမယ့်သူပါ။ ဒါကို ကျွန်တော် အာမခံပါတယ်။ ခင်ဗျားတို့လည်း သူ့ရဲ့အရည်အသွေးနဲ့ အကျိုးသက်ရောက်မှုကို မြင်တွေ့နိုင်ပါတယ်။ ကွင်တန်တင်ဘာလိုပဲ သူက အလွန်သန်မာလွန်းပါတယ်”လို့ ပြောပါတယ်။

အခုနိုင်ပွဲကြောင့် မာဆေးလ်က အမှတ်ပေးဇယားဦးဆောင်သူပီအက်စ်ဂျီနဲ့ ခုနစ်မှတ်အကွာ၊ လန်းနဲ့ ငါးမှတ်အကွာ၊ လီဂူးဝမ်းအမှတ်ပေးဇယားတတိယနေရာမှာ ရပ်တည်နေပါတယ်။