ယူရို ၂၀၂၄ ရဲ့ ပင်နယ်တီအဆုံးအဖြတ်တွင် သူက ပင်နယ်တီမကန်ချင်ဘူးလို့ ပြောကြားချက်တွေအပေါ် တုံ့ပြန်လိုက်တဲ့ ဖိုဒန်
စနေနေ့က ဒက်ဆဲလ်ဒေါ့ဖ်မှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်တွင် ဆွစ်ဇာလန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီးနောက် အင်္ဂလန်ဟာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပါတယ်။ ဂါရတ် ဆောက်ဂိတ်ရဲ့ အသင်းဟာ ယူရိုပြိုင်ပွဲမှာ ထိပ်တန်းအဆင့်ကို ရောက်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ပင်နယ်တီမှာ အမှားအယွင်းမရှိခဲ့ဘဲ သွင်းယူနိုင်ခဲ့သလို ပစ်ဖို့ဒ်ကလည်း ပြိုင်ဘက်ကစားသမား အကန်ဂျီရဲ့ ကန်ချက်ကိုကာကွယ်သွားနိုင်ခဲ့ပါတယ်။
အင်္ဂလန်အသင်းသည် နောက်ထပ်အဓိကပြိုင်ပွဲကြီးတစ်ခုရဲ့ ဆီမီးဖိုင်နယ်သို့ ရောက်ရှိပြီး မကြာမီတွင် အင်္ဂလန်ကစားသမား ၂ ဦးက ပင်နယ်တီမကန်လိုကြောင်း အာနိုးလ်အား ပြောကြားနေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးကြယ်ပွင့်က အဆိုပါကစားသမားက မည်သူဖြစ်သည်ကို ဖော်ပြထားခြင်းမရှိသော်လည်း ဆိုရှယ်မီဒီယာတွင် ထင်ကြေးပေးမှုများ များပြားနေပြီး ဖိုဒန် ဖြစ်နိုင်တယ်လို့ အချို့က ပြောကြားနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဧပြီလက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ဘက်သို့ ပင်နယ်တီသွင်းယူခဲ့တဲ့ ဖိုဒန်က လိုအပ်ရင် ကန်သွားမှာဖြစ်ကြောင်း အခိုင်အမာဆိုပါတယ်။
"ကျွန်တော်ကွင်းထဲမှာရှိနေရင် ဝင်ကန်မှာပါ။ ဒါပေမယ့် ကလပ်အတွက် ပုံမှန်ကန်နေတဲ့ ကစားသမားတွေရှိတာကြောင့် သူတို့ကန်မယ်ဆိုရင် အဓိပ္ပါယ်ပိုရှိမယ်ထင်ပါတယ်" "နည်းပြက ပင်နယ်တီကောင်းကောင်းကန်နိုင်တဲ့သူတွေကို ကွင်းထဲမှာ ထည့်ထားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့အသာရရှိဖို့အတွက် ဒီလိုလုပ်လိုက်တာကို လက်ခဲ့ပါတယ်" "ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်တယ်ဆိုရင် ပင်နယ်တီကန်သင့်ပါတယ်လို့ ကျွန်တော်ထင်ပါတယ်" "ကွင်းထဲမှာရှိနေမယ်ဆိုရင် ပင်နယ်တီကန်ဖို့တွန့်နေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ထက် ပိုကောင်းတဲ့ ပင်နယ်တီကန်သူတွေ ရှိကောင်းရှိနိုင်ပါတယ်" လို့ သူက talkSPORT သို့ ပြောကြားခဲ့ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်မှာ ဘယ်လိုခံစားရလဲလို့မေးတော့ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမား ဖိုဒန်က "ကျွန်တော်မလိမ်ပါဘူး။ အသင်းဖော်တွေကိုကြည့်ရတာ အရမ်းစိတ်လှုပ်ရှားမိပါတယ်" "ဒါပေမယ့် ကျွန်တော့်အသင်းဖော်တွေ ယုံကြည်မှုအပြည့်ရှိတယ်။ လေ့ကျင့်ရေးမှာ ပင်နယ်တီနဲ့ လေ့ကျင့်မှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ သူတို့ကို ခေါ်သွားတဲ့သူတွေက အရမ်းယုံကြည်မှုရှိပြီး ဘယ်တော့မှပျောက်ဆုံးသွားမယ့်ပုံမပေါ်ပါဘူး" လို့ ပြောပါတယ်။
အခုတော့ နယ်သာလန်ဟာ အင်္ဂလန်နှင့် ကစားရတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့ ယူရိုဖိုင်နယ်မှာတော့ အင်္ဂလန်ဟာ အီတလီကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ကိုးမန်းရဲ့ အသင်းဟာ အုပ်စုအဆင့်မှာ ရုန်းကန်ခဲ့ရပြီး အုပ်စု D မှာ တတိယနေရာမှာ ရပ်တည်နေပေမယ့် ၊ ရိုမေးနီးယားနဲ့ တူရကီတို့ကို အနိုင်ယူပြီး ဆောက်ဂိတ်ရဲ့ အံ့အားသင့်ဖွယ် အင်္ဂလန်နှင့် ဆီမီးဖိုင်နယ်မှာတွေ့ဆုံနေတာဖြစ်ပါတယ်။
ဒေါ့မွန်ရဲ့အိမ်ကွင်းမှာကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် သူ့ရဲ့ခန့်မှန်းချက်ကို ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ခရစ္စဆက်တွန်က BBC Sport သို့ "အင်္ဂလန်ရဲ့ကစားပုံက သိသိသာသာ ပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ နယ်သာလန်ကို ပြိုပျက်သွားစေမယ့် အံ့သြဖွယ်ကစားပုံကို တွေ့ရှိရမှာတော့ မဟုတ်ပါဘူး" "အကယ်၍ အင်္ဂလန်ဟာ သူတို့ရဲ့ ဒုတိယမြောက် ယူရို ဖိုင်နယ်သို့ တက်လှမ်းနိုင်ဖို့အတွက် တစ်ဦးချင်း ထက်မြက်မှုအပေါ် ထပ်မံ အားကိုးရတော့မှာဖြစ်ပါတယ်" "ဂျာမနီမှာ ရှုံးထွက်အဆင့်တိုင်းကို ကျော်ဖြတ်နိုင်ဖို့ သူတို့အင်္ဂလန်ကို မျက်စိစုံမှိတ်ပြီး ထောက်ခံခဲ့တာမဟုတ်ပေမယ့် သူတို့က သရေကျစေမယ့်ဘက်ကို ရောက်သွားမှာပါ" "ဒါက သူတို့ရဲ့ အခက်ခဲဆုံးပွဲဖြစ်ပြီး ဖိုင်နယ်နဲ့အရမ်းနီးစပ်နေပေမယ့် အင်္ဂလန်က ဒါကို တစ်နည်းနည်းနဲ့ အနားပေးမယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။