The network connection is lost.

Banner Image

ဘရာဇီးစတားအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အံ့အားသင့်ဖွယ်ပြောကြားလိုက်တဲ့ ဖလာမင်ဂိုအသင်းဥက္ကဌ

ဖလာမင်ဂိုအသင်းဥက္ကဌ လန်ဒင်က နေမာအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အံ့အားသင့်ဖွယ် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘရာဇီးသားဟာ လက်ရှိမှာ ဒူးအရွတ်ကြောဒဏ်ရာအခြေအနေကနေ ပြန်လာနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

လက်ရှိမှာ နေမာဟာ အယ်လ်-ဟီလယ်အသင်းမှာ ကစားနေတာဖြစ်ပြီး ပီအက်စ်ဂျီကနေ ပြောင်းရွှေ့လာပြီးနောက် ကြံ့ခိုင်မှုပြဿနာနဲ့ရင်ဆိုင်နေရကာ ၅ ပွဲသာ ပါဝင်ခွင့်ရထားပါတယ်။ အသက် ၃၂ နှစ်သားဟာ ကာလရှည်အနားယူနေရတာကနေ ပြန်လာနိုင်ဖို့ နီးစပ်နေပြီး လန်ဒင်က အင်တာဗျူးတစ်ခုမှာ အခုလိုမျိုးပြောကြားခဲ့ပါတယ်။

“ကျွန်တော် လမ်းတွေထဲမှာ လမ်းလျှောက်သွားတုန်း လူတွေက နေမာကို ခေါ်ယူမှာလားဆိုပြီး မေးကြပါတယ်။ အဲ့နောက် ကျွန်တော်က ဒီမှာကိုယ့်လူတို့ရေ။ နေမာက ဖလာမင်ဂိုမှာရနေတဲ့ လစာတွေထက်အများကြီးပိုရနေတဲ့သူပါလို့ ကျွန်တော်ပြောခဲ့ပါတယ်။ လူတွေက အရှိတရားကို နားမလည်ကြပါဘူး။ မဖော်ပြတဲ့သတင်းတွေအရဆိုရင် နေမာဟာ တစ်လကို သန်း ၇၀ လောက်ရနေတာပါ။ ကျွန်တော်ကတော့ နေမာဟာ အကောင်းဆုံးလုပ်ဆောင်နေတယ်လို့ ထင်ပါတယ်။ သူက ကမ္ဘာ့ထိပ်တန်းကစားသမားတစ်ဦးပါ။ သူပြန်လာတာကို ကျွန်တော်တို့ မြင်ချင်ပါတယ်။ အခုတော့ သူပြန်လာနိုင်ဖို့ ကောင်းကောင်းလုပ်ဆောင်နေပါတယ်။ ဘာလို့လဲဆိုတော့ သူက ပေါ့ပါးတဲ့ကစားသမားပါ။ အဝတ်လဲခန်းထဲမှာ ကျွန်တော် သူနဲ့ဆုံခဲ့ပါသေးတယ်။ သူက စက်တင်ဘာ အလယ်လောက်မှာ ကြံ့ခိုင်မှုအပြည့်နဲ့ပြန်လာမယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ လန်ဒင်က ပြောကြားခဲ့ပါတယ်။

နေမာကတော့ ဖလာမင်ဂိုကို ပြောင်းဖို့ လမ်းဖွင့်ပေးထားပြီး ဆန်းတို့စ်အကယ်ဒမီထွက် ဂါဘီဂိုနဲ့တွေ့ဆုံရာမှာ အခုလိုမျိုးပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဖလာမင်ဂိုအတွက် ကစားချင်တယ်ဆိုတာ အမြဲတမ်းပြောပါတယ်။ အဲ့အသင်းက သူ့ရဲ့နှလုံးသားထဲက ဒုတိယမြောက်အသင်းပါ။ ဘာလို့လဲဆိုတော့ ပထမဆုံးအသင်း ဆန်းတို့စ်ဖြစ်နေတာကြောင့်ပါ”လို့ ဂါဘီဂိုက ပြောကြားခဲ့ပါတယ်။

နေမာဟာ အယ်လ်-ဟီလယ်အသင်းနဲ့ ၂၀၂၅ အထိ စာချုပ်သက်တမ်းရှိနေတာဖြစ်ပြီး နောက်ထပ် ၁၂ လသက်တမ်းတိုးခွင့်လည်းပါရှိတာဖြစ်ပါတယ်။ အလွတ်နဲ့ထွက်ခွာဖြစ်ခဲ့ရင်တော့ နေမာတစ်ယောက် ဖလာမင်ဂိုအသင်းထံ ပြောင်းရွှေ့ဖို့များနေပါတယ်။