
ရီးရဲလ်စတားထွက်ခွာမယ်ဆိုရင် လမ်းဖွင့်ထားတဲ့ အလွန်ဆို
ရီးရဲလ်အသင်း နဲ့ နည်းပြ အလွန်ဆိုတို့ကတော့ အခုနွေရာသီမှာ တောင်ပံကစားသမား ရိုဒရီဂိုတစ်ယောက်ထွက်ခွာမယ်ဆိုရ်င လမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ်။ အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ရီးရဲလ်အသင်းဟာ အသက် ၂၄ နှစ်သားအနေနဲ့ အသင်းကနေထွက်ခွာချင်တယ်ဆိုရင် တားဆီးမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပြီး သင့်တင့်တဲ့တန်ကြေးရရင် ရောင်းချမယ်လို့ သိရပါတယ်။
ကစားသမားရဲ့လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကြောင့် ရိုဒရီဂိုရဲ့ဖခင် နဲ့ အေးဂျင့် အဲရစ်တို့ကတော့ ကစားသမားဟာအသင်းမှာမပျော်မရွှင်ဖြစ်လာတယ်လို့ ပြောကြားလိုက်ပြီး ဘာပေ ၊ ဗင်နီ နဲ့ ဘယ်လင်ဟမ်တို့နောက်မှသာ ပါဝင်ခွင့်ရရှိနေတာဖြစ်ပါတယ်။ အန်ဆယ်လော့တီလက်အောက်မှာ နေရာရခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီဆုံးခါနီးမှာတော့ ပွဲထွက်ခွင့်နည်းပါးလာခဲ့ကာ အသင်းနဲ့နီးစပ်တဲ့သတင်းတွေအရ ကစားသမားဟာ လေ့ကျင့်ခန်းဆင်းချိန်မှာ စိတ်အားထက်သန်မှုပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ရီးရဲလ်အသင်းဘက်က ကစားသမားကိုရောင်းချလိုခြင်းမရှိပဲ အနာဂတ်မှာ အသင်းအတွက်အကျိုးပြုပေးနိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဘရာဇီးသားဟာ ၂၀၁၉ တုန်းက ဆန်းတို့စ်ကနေ ယူရိုသန်း ၄၀ နဲ့ ရီးရဲလ်အသင်းထံပြောင်းရွှေ့လာခဲ့ကာ ၂၀၂၁ နောက်ပိုင်းကတည်းက အသင်းမှာပုံမှန်နေရာရလာခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ကတော့ ရိုဒရီဂိုကို ထိပ်တန်းပစ်မှတ်အဖြစ်သတ်မှတ်ထားပြီး ရီးရဲလ်ဘက်က ပေါင်သန်း ၇၀ ရရင် ရောင်းထုတ်မှာဖြစ်ပါတယ်။ လက်ရှိမှာ ရီးရဲလ်အသင်းဟာ ကလပ်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပြီး ရိုဒရီဂိုအနေနဲ့ ၁၆ သင်းအဆင့်ပွဲစဉ်တုန်းကလို ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။ အသက် ၂၄ နှစ်သားဟာ ဒဏ်ရာအခြေအနေဆက်လက်ရရှိနေပြီး အလွန်ဆိုလက်အောက်မျာ နေရာရဖို့မသေချာတော့တာကြောင့် အသင်းပြောင်းနိုင်ချေများနေပါတယ်။