ယူနိုက်တက်ကစားသမားများထံ ဒေါသတကြီးပြောဆိုခဲ့ပါတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုလိုက်တဲ့ အာမိုရင်
အာမိုရင်ဟာ အဲဗာတန်နှင့်ပွဲတွင် ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲရရှိရန် ကြိုးပမ်းနေတာကြောင့် ယူနိုက်တက်ရဲ့ အစီအစဥ်ဇယားက အကြောင်းပြချက်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
အသက် ၃၉ နှစ် အရွယ် နည်းပြဟာ သူ့ရဲ့ပထမဆုံးပွဲဖြစ်တဲ့ အင်းဆွစ်နဲ့ပွဲမှာ ၁-၁ ဂိုး သရေကျခဲ့ပြီး ကြာသပတေးနေ့က ဘိုဒိုဂလင့်နှင့်ကစားခဲ့တဲ့ ယူရိုပါလိဂ်မှာတော့ အနိုင်ပွဲရရှိခဲ့ပါတယ်။
အမ်မိုရင်ဟာ အိုးထရက်ဖို့ဒ်ရဲ့ နွေးထွေးပျူငှာတဲ့ ကြိုဆိုမှုကို ခံခဲ့ရပြီး ၃-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပွဲမှာ အပြောင်းအလဲ ၆ ကြိမ် ပြုလုပ်ခဲ့ပြီး လာမယ့်ကြိုးစားအားထုတ်မှုအတွက် စိတ်ထဲတွင် စွဲစွဲမြဲမြဲ လုပ်ဆောင်ကာ အရန်ခုံကစားသမားတွေကို အပြည့်အဝ အသုံးပြုခဲ့ပါတယ်။ယူနိုက်တက်ဟာ ဒီဇင်ဘာလပွဲစဉ်ဇယားကို အဲဗာတန်နှင့်အိမ်ကွင်းမှာ စတင်ကစားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်တွင် ပထမဆုံးနိုင်ပွဲရရှိရန် ကြိုးပမ်းနေချိန်တွင် အပြောင်းအလဲတွေက ပိုများမှာဖြစ်ပါတယ်။
ရှောင်ဒိုက်ရဲ့ အဲဗာတန်ဟာ သူ့အသင်းနဲ့မတူဘဲ ပြင်ဆင်ဖို့ တစ်ပတ်လောက် အချိန်ရခဲ့ပြီး နည်းပြ အာမိုရင်က "ဒါက ဒီလိုပါပဲ ကစားသမားတွေကို အလှည့်ကျလုပ်ပြီး ကျွန်တော်တို့ အဆင်သင့်ဖြစ်သွားမှာပါ" "ဘိုဒိုနဲ့ပွဲတုန်းကလိုပဲ ကျွန်တော်တို့ဟာ ကြံ့ခိုင်မှုပိုင်းကို စီမံခန့်ခွဲဖို့အတွက် အရန်ကစားသမားတွေအားလုံးကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ပွဲမဟုတ်ဘဲ ကြံ့ခိုင်မှုကို စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်"
"ဒီလိုမျိုးဖြစ်မယ်ဆိုတာ ကျွန်တော်တို့သိထားပြီးသားမို့ ဆင်ခြေမပေးပါဘူး။
ကျွန်တော်တို့ တနင်္ဂနွေနေ့အတွက် အဆင်သင့်ဖြစ်သင့်ပြီး အနိုင်ရဖို့တော့လိုပါတယ်"အာမိုရင်ဟာ ယူနိုက်တက်ရဲ့ နိုင်ပွဲများအတွက် လိုအပ်ချက်နှင့် အထူးသဖြင့် ဒဏ်ရာမှပြန်လည်ကောင်းမွန်လာသူများ၊ ကစားသမားတွေကြံ့ခိုင်မှုတည်ဆောကေရန် လိုအပ်ချက်နှင့် ဟန်ချက်ညီအောင်လုပ်ဖို့ လိုနေပါတယ်။နည်းပြက ပိုကောင်းတဲ့ ကစားသမားတွေကို လိုချင်ပါတယ်လို့ ပြောခဲ့ပေမယ့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အခုထိ သဘောကျနေခဲ့ပါတယ်။
"လေ့ကျင့်မှုသိပ်မရှိဘဲ ပွဲတွေကို ကစားနေရတာပါ။ အရင်ပွဲတွေကို ပြန်ကြည့်ရမလားဆိုတာ ကျွန်တော်တော့ သချောမသိသေးပါဘူး။ ဘိုဒိုနဲ့ပွဲမှာ ကျွန်တော်တို့က တိုက်စစ်လိုင်းကိုမြင့်ပြီး ကစားနိုင်ခဲ့ပါတယ်"
"မေဆင်မောင့်က မိနစ် ၆၀ အထိ ပြင်းပြင်းထန်ထန် ကစားခဲ့ပါတယ်။ ဟွိုက်လန်းက နောက်ဆုံး ဂိုးတွေသွင်းနိုင်ခဲ့ပါတယ်" "ကစားနေရတဲ့သူတွေက ပိုမိုတွန်းအားပေးရပါမယ်။ အသင်းဖော်တွေကို ကန့်သတ်ချက်တစ်ခုအထိ တွန်းအားပေးပြီး တခြားသူတွေက လေ့ကျင့်ပေးရမှာ" လို့ နည်းပြက ပြောပါတယ်။
အဲဗာတန်နှင့်ပွဲအကြိုသတင်းစာရှင်းလင်းပွဲမှ ထွက်ခွာသွားခါနီးတွင် ဒဏ်ရာရရှိနေတဲ့ ဂျွန်နီအီဗန်၊ ဟယ်ရီမက်ဂွါရီ၊ ဗစ်တာလင်ဒီလော့ဖ် နှင့် လီနီယိုရိုတို့ ပါဝင်လာဖို့ မသေချာကြောင်း အာမိုရင်က ပြောကြားခဲ့ပါတယ်။
ဗဟိုခံစစ်မှူးနေရာအတွက် သူနှစ်သက်တဲ့ သုံးဦးကို ရွေးချယ်မှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရ ဒါလော့ကတော့ တောင်ပံနောက်တန်းနေရာအတွက် ရှိနေပါတယ်။
"သူက အရမ်းတော်ပါတယ်။ နောက်ပြီး အမြဲတမ်း လန်းဆန်းတက်ကြွနေပုံရပါတယ် ဒါပေမဲ့ သူက စက်မဟုတ်ပါဘူး"
"သူက ညာဘက်မှာ ပိုကောင်းအောင် ကစားနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့ကို ညာဘက်မှာ ထိန်းထားနိုင်လိမ့်မှာဖြစ်ပြီး အရမ်းကောင်းတဲ့ ကစားသမားဖြစ်တာကြောင့် တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်ပါတယ်"
"အခုခေတ်မှာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်တဲ့ ကစားသမားက ပြီးပြည့်စုံတယ်ဆိုတော့ သူ့ကို မတူညီတဲ့ အနေအထားမှာ ထားနိုင်လို့ပါပဲ"
"ပြီးခဲ့တဲ့နှစ်က တွေ့ခဲ့တဲ့အတိုင်းပဲဖြစ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ သူဟာ အသင်းကို ကူညီပေးနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပါတယ်"
"ပွဲတိုင်းမှာ သူကစားပုံနေထိုင်ပုံနှင့် လုပ်ဆောင်ပုံတိုင်းကို ခံစားသိနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်" လို့ နည်းပြက ပြောပါတယ်။