ဒဏ်ရာပြဿနာဆုတ်ယုတ်မှုတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့ လီဗာပူးတိုက်စစ်မှူးဂျေဒန်ဒန်းစ်
လီဗာပူးလူငယ်တိုက်စစ်မှူးဂျေဒင်ဒန်းစ်က ဒဏ်ရာဟောင်းမှ ပြန်သက်သာလာပြီးနောက်မှာ ဒဏ်ရာထပ်မံရရှိသွားပြန်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း ပြင်းထန်တံကောက်ကြောဒဏ်ရာ ရရှိခဲ့လို့ အခုသီတင်းပတ်မှာမှ ပထမဆုံးအကြိမ် ပါဝင်ကစားနိုင်ခဲ့တာပါ။
ဒါပေမဲ့ အခုသီတင်းပတ်၊ မန်စီးတီးနဲ့ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်-၂ ပွစဉ်မှာ ဂျေဒန်ဒန်းစ်က ၂၉ မိနစ်သာ ကစားနိုင်ပြီး တံကောက်ကြောဒဏ်ရာ ပြန်လည်ထွက်ပေါ်လာလို့ ကွင်းတွင်းမှ ထွက်ခွာလာရပါတယ်။
ဒီပွဲစဉ်မှာတော့ မန်စီးတီးက လီဗာပူးကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
လီဗာပူးအသင်းအတွက်တော့ ပြီးခဲ့တဲ့ဇန်နဝါရီလမှာ အသင်းဆီရောက်ရှိလာတဲ့ အသက်-၁၈ နှစ်အရွယ် ဆီနီဂေါဗဟိုနောက်ခံလူ အန်ဒီယာရီကို လူစားဝင်ကစားသမားအဖြစ် ပထမဆုံးအကြိမ် ပွဲကစားခွင့် ပေးအပ်နိုင်ခဲ့ပါတယ်။
ဂျေဒန်ဒန်းစ်က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လီဗာပူးအသင်းနဲ့ သက်တမ်းအတိအကျမဖော်ပြထားတဲ့ စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။