လေးလကြာလက်တွဲပြီးနောက် ရှောင်ဒိုက်ချ်ကို ရာထူးမှထုတ်ပယ်ခဲ့တဲ့ နော်တမ်ဖောရက်စ်
နော်တင်ဟမ်ဖောရက်စ်က အသင်းနည်းပြဖြစ်သူရှောင်ဒိုက်ချ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပါပြီ။
၂၀၂၅-၂၆ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ ခုကစားဖို့ ကျန်ရှိချိန် လန်ဒန်အခြေစိုက်ကလပ်အသင်းက တန်းဆင်းဇုန်နဲ့ ၃ မှတ်အကွာမှာပဲ ရပ်တည်နေတာပါ။
အသက် ၅၄ နှစ်အရွယ်ရှိရှောင်ဒိုက်ချ်က ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလအတွင်း ပိုစတီကိုဂလူရဲ့နေရာကို ဆက်ခံခဲ့ပြီး ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အခုဘောလုံးရာသီစတင်ပြီး သုံးပွဲအကြာမှာပဲ ရာထူးမှထုတ်ပယ်ခံရတဲ့ နူနိုဆန်းတို့စ်နေရာကို အစားထိုးဝင်ရောက်လာတဲ့ ပိုစတီကိုဂလူကိုယ်တိုင်လည်း နော်တင်ဟမ်ဖောရက်စ်အသင်းနည်းပြအဖြစ် ၃၉ ရက်သာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။
ဖောရက်စ်အသင်းဟာ ရှောင်ဒိုက်ချ်ကို ရာထူးကနေ ထုတ်ပယ်လိုက်တဲ့အကြောင်းကို ကြာသပတေးနေ့ မနက်အစောပိုင်းမှာပဲ ထုတ်ပြန်ကြေညာခဲ့တာပါ။
"ရှောင်ဒိုက်ချ်ကို နည်းပြချုပ်တာဝန်မှရပ်စဲလိုက်ပြီလို့ အတည်ပြုကြေညာပါတယ်။" လို့ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် " အသင်းမှာတာဝန်ယူခဲ့ချိန်ကာလအတွင်း ကြိုးပမ်းအားထုတ်မှုတွေအတွက် ရှောင်ဒိုက်ချ်နဲ့ သူ့အဖွဲ့သားတွေကို ကျေးကျေးဇူးတင်ရှိသလို အနာဂတ်မှာလည်း သူတို့အားလုံးကံကောင်းပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လောလောဆယ်မှာတော့ မှတ်ချက်ပေးစရာ ထပ်မရှိတော့ပါဘူး" လို့လည်း ဖော်ပြပါရှိပါတယ်။