The network connection is lost.

Banner Image

နော်တင်ဟမ်ဖာရက်စ်နည်းပြ ရှောင်ဒိုက်ကို ချီးကျူးပြောဆိုလာတဲ့ ဂွါဒီယိုလာ

စနေနေ့ကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၁-၂ နဲ့အနိုင်ရပြီးနောက် မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ပြိုင်ဘက်အသင်းရဲ့နည်းပြ ရှောင်ဒိုက်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ မန်စီးတီးအတွက်ဦးဆောင်ဂိုးကို တီဂျာနီရိုင်ဒါစ်က စတင်သွင်းယူခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်အတွက် ဟတ်ချင်ဆန်က ပြန်လည်ချေပခဲ့ပေမယ့် အနိုင်ဂိုးကို ရာယန်ချာကီက ထပ်မံသွင်းယူခဲ့လို့ မန်စီးတီးတို့ နိုင်ပွဲဆက်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ဂွါဒီယိုလာက "ခရစ္စမတ်မှာ အနားယူရင်း ခန္ဓာကိုယ်အလေးချိန်တက်လာခဲ့ပေမယ့် ဒီနေ့မှာတော့ ဝိတတွေအကုန်ကျသွားသလို ခံစားခဲ့ရပါတယ်။ ကျွန်တော်ပြန်ပြီးတော့ ကြံ့ခိုင်သွားပါပြီ။ ရှောင်ဒိုက်တကျော့ပြန်တည်ဆောက်ထားတဲ့ လက်ရှိနော်တင်ဟမ်ဖောရက်စ်က အရမ်းကောင်းပါတယ်။ ဒီပွဲမှာနိုင်ခဲ့တဲ့ ၃ မှတ်က တကယ်အဖိုးတန်ပါတယ်"

"ဖောရက်စ်က မယုံနိုင်လောက်အောင် တိုးတက်လာခဲ့ပါတယ်။ သူတို့ကစားပုံကလည်း ထူးခြားပါတယ်။ သူတို့ကစားသမား အီဂေါ်ဆိုရင် ဘောလုံးတိုင်းကို လိုက်ဖျက်နိုင်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆို သူတို့ ချန်ပီယံလိဂ်ဝင်ရဖို့ ၆ မှတ်‌လောက်ပဲလိုခဲ့ပါတယ်။ အခုဆိုရင်သူတို့ ဥရောပပွဲတွေ ဆက်ကစားနေရပါတယ်။ တကယ်ကို အံ့ဩလောက်စရာအသင်းဖြစ်ပြီး ဆောင်းရာသီမှာဆိုရင် ဒီကွင်းက လာကစားဖို့ခက်ခဲတဲ့ကွင်းပါ။ 

ဆက်လက်ပြီး စပိန်သားနည်းပြက "အခုဆိုရင် ကျွန်တော်တို့ ၁၈ ပွဲ ကစားပြီးပြီ‌တော့ ရာသီဝက်ကျိုးပါပြီ။ ဒုတိယရာသီဝက်မှာလည်း ဒီလိုပဲ ခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ ဆက်လက်ရင်ဆိုင်သွားရမှာသေချာပါတယ်။ ဒီနေ့နိုင်တာရှုံးတာနဲ့ပဲ အားလုံးပြီးဆုံးသွားမှာမဟုတ်ဘူး။ ကျွန်တော်တို့ ကစားရမယ့်ပွဲ‌တွေ အများကြီးကျန်ပါသေးတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ ။