The network connection is lost.

Banner Image

ဆန်းဒါးလန်းကွင်းရဲ့အခြေအနေက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်လို့ ဆိုလိုက်တဲ့ အနိုင်ဂိုးရှင်ဗန်ဒိုက်

ဗုဒ္ဓဟူးညပိုင်း၊ ဆန်းဒါးလန်းနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ လီဗာပူးကပ္ပတိန်ဗန်ဒိုက်က အသင်းအတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်နေပါတယ်။

ဗန်ဒိုက်ရဲ့ ပွဲချိန်မိနစ် ၆၀ ခေါင်းတိုက်ဂိုးက ကြောင်နက်တွေကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိစေဖို့ လုံလောက်စေခဲ့ပါတယ်။

“ဒါဟာ ကြီးကျယ်ခမ်းနားတဲ့ နိုင်ပွဲတစ်ခုပါပဲ၊ တကယ်ကို ဆန်းကြယ်ပြီး ခက်ခဲတဲ့ကွင်းအခြေအနေပေါ်မှာ အစွမ်းကုန်ကြိုးစားကစားခဲ့ရပါတယ်။ အနိုင်သုံးမှတ်အပြည့်ရရှိခဲ့လို့ ကျေနပ်မိပါတယ်။ အခုတော့ အနားယူပြီး သီတင်းပတ်ကုန်ပွဲစဉ်အတွက် ပြန်လည်ပြင်ဆင်ရပါမယ်” လို့ ပွဲစဉ်အပြီးမှာ ဗန်ဒိုက်က TNT Sports ဆီပြောကြားခဲ့ပါတယ်။

“ဒီကိုလာပြီး အခုလိုမျိုးကစားနိုင်ခဲ့တာ၊ ရမှတ်သုံးမှတ်အပြည့် ရယူနိုင်ခဲ့တာက တကယ်ကို ထိုက်တန်လွန်းပါတယ်။ ကောင်းမွန်တဲ့ပွဲစဉ်တစ်ခုဖြစ်ခဲ့သလို ဒီနိုင်ပွဲကို ရယူပြီးတော့ပဲ ရှေ့ဆက်သွားရပါမယ်” လို့ သူက ဆက်ပြောပါတယ်။

“သူတို့ကို အနိုင်ယူဖို့ ဘယ်လောက်ခက်ခဲသလဲဆိုတာကို ဒီရာသီမှာ သူတို့တွေပြသခဲ့ပြီးပါပြီ။ သူတို့က တကယ်ကို အလုပ်ကြိုးစားတဲ့အသင်းဖြစ်လို့ ချီးကျူးရပါမယ်။ ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ ဒီကွင်းရဲ့ ပတ်ဝန်းကျင်အခြေအနေကလည်း တကယ့်ကိုကောင်းမွန်ပါတယ်။ ဒီကိုလာပြီး ကျွန်တော်တို့ အနိုင်ရခဲ့သလို ဂိုးမပေးရအောင် (Clean Sheet) ထိန်းသိမ်းနိုင်ခဲ့တာ ကောင်းပါတယ်။ ကျွန်တော်တို့အတွက်တော့ ကောင်းမွန်တဲ့ ညတစ်ညပါပဲ။

အသင်းကို ဆက်လက်တည်ဆောက်သွားဖို့၊ ကြံ့ခိုင်မှုရှိနေဖို့၊ ယုံကြည်မှုရှိရှိနဲ့ ပိုမိုတိုးတက်လာအောင် ကြိုးစားသွားရပါမယ်။ ဒီနေ့ပွဲစဉ်အတွင်း ဘောလုံးပိုင်ဆိုင်ထားချိန်ရော၊ ဘောလုံးဆုံးရှုံးချိန်မှာပါ ပြသနိုင်ခဲ့တဲ့ခြေစွမ်းပိုင်းက ရှေ့ဆီခြေတစ်လှမ်းတိုးနိုင်ခဲ့တဲ့ တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။ အခုကတော့ ပြန်ပြီး အနားယူရမယ့်အချိန် ဖြစ်ပါတယ်။ လာမယ့်စနေညမှာတော့ အနိုင်ယူဖို့ခက်ခဲတဲ့ ဘရိုက်တန်အသင်းနဲ့ ထပ်ပြီး ရင်ဆိုင်ရပါဦးမယ်” လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

“ဒါကြောင့် ဒီတာဝန်ကို အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ လူတိုင်းလိုအပ်ပါတယ်။ ပရိသတ်တွေရော၊ ကျွန်တော်တို့အသင်အတွက် အကောင်းဆုံးဖြစ်စေချင်တဲ့သူတိုင်းကိုပါ လိုအပ်ပါတယ်။ အခုတော့ အနားယူရမယ့်အချိန်ပါပဲ” လို့ ဗန်ဒိုက်က ဆိုပါတယ်။