The network connection is lost.

Banner Image

အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းပိုင်းအပေါ် ကျေနပ်မှုရှိပြီး သင်ခန်းစာယူသွားမယ်လို့ ဆန်းဒါးလန်းနည်းပြ လီဘရစ် ပြောကြား

ပြီးခဲ့တဲ့စနေနေ့ပွဲစဉ်မှာ အာဆင်နယ်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် ဒီရလဒ်ပိုင်းဟာ ကွင်းတွင်းခြေစွမ်းပိုင်းကို အပြည့်အ၀ထင်ဟပ်နိုင်ခြင်းမရှိဘူးလို့ ဆန်းဒါးလန်းနည်းပြလီဘရစ်က အခိုင်အမာပြောကြားလိုက်ပါတယ်။

အဆိုပါပွဲစဉ်မှာ အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို ဇူဘီမန်ဒီနဲ့ ယောကရက်စ်( ၂ ဂိုး)တို့က သွင်းယူပေးခဲ့ပါတယ်။

ပွဲစဉ်အပြီးမှာ နည်းပြလီဘရစ်က "ရလဒ်ကတော့ ရလဒ်ပါပဲ၊ အာဆင်နယ်က အခွင့်အရေးတွေကို အမိအရ အသုံးချနိုင်ခဲ့ပြီး အရမ်းကောင်းမွန်တဲ့အသင်းတစ်ခုဖြစ်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဆန်ဒါးလန်းက တတိယဂိုးမပေးရခင်အထိ ပွဲစဉ်အပေါ် စိတ်ဓာတ်ပိုင်းကောင်းကောင်းဖြင့် ယှဉ်ပြိုင်နိုင်ခဲ့ပြီး အထူးသဖြင့် ဒုတိယပိုင်းအစောပိုင်းမှာ ချေပဂိုးရဖို့ အခွင့်အရေးတွေ ရရှိခဲ့တယ်လို့လည်း ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်က လက်ရှိပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်အမှတ်ပေးဇယား ရပ်တည်နေလို့ အလွန်အစွမ်းထက်တဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ခဲ့ရခြင်းဖြစ်တယ်ဆိုတာ ၎င်းက ဝန်ခံခဲ့ပါတယ်။

"အာဆင်နယ်က ဒီအသင်းကို နှစ်ပေါင်းများစွာတည်ဆောက်ခဲ့လို့ သူတို့ရဲ့အတွေ့အကြုံတွေကို ခံစားမိပါတယ်။ သူတို့ရဲ့ကစားဟန် ကဏ္ဍတိုင်းမှာ ပြီးပြည့်လွန်းပါတယ်" လို့ လီဘရစ်က ဆိုပါတယ်။

ဆန်းဒါးလန်းက တန်းတက်အသင်းသစ်တစ်ခုဖြစ်ပေမယ့် အခုလို အတွေ့အကြုံမှတဆင့် တိုးတက်လာနေပြီး၊ ဒီနေ့ပွဲစဉ်မှာလည်း ကောင်းကောင်းယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကို တွေ့ရှိရတယ်လို့ ၎င်းက မှတ်ချက်ပေးခဲ့ပါတယ်။

ပြိုင်ဘက်က မိမိတို့ထက် အင်အားသာလွန်နေချိန် အခက်တွေ့လေ့ရှိပေမယ့် မိမိတို့အသင်းရဲ့ အားသာချက်တွေကို ဆက်လက်တည်ဆောက်ကာ အမှားတွေကို ခွဲခြမ်းစိတ်ဖြာပြင်ဆင်သွားရမယ်လို့ ဆိုပါတယ်။
ပွဲစဉ်အတွင်း ရရှိခဲ့တဲ့အခွင့်အရေးတွေနဲ့ပတ်သက်လို့ လီဘရစ်က "ကျွန်တော်တို့ အခွင့်အရေး သုံးလေးကြိမ်လောက် ရရှိခဲ့ပါတယ်။ ဒီလိုအခွင့်အရေးတွေမှာ အဆုံးသတ်သေချာဖို့ လိုအပ်ပေမယ့် ဒီနေ့တော့ ဖြစ်မလာခဲ့ပါဘူး" လို့ ဖွင့်ဟခဲ့ပါတယ်။