The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်နဲ့သရေကျပြီး မန်စီးတီးနဲ့လေးမှတ်သာကွာတော့တဲ့ အာဆင်နယ်

ဘရန့်ဖို့ဒ် ၁ - ၁ အာဆင်နယ် (ပွဲပြီးရလဒ်)

အာဆင်နယ်အသင်းဟာ ယနေ့ညပဲွစဉ်မှာ အားရစရာခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိခဲ့သလို ဦးဆောင်ဂိုးကိုလည်း မထိန်းနိုင်ခဲ့တာကြောင့် သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရပါတယ်။
ဘရန့်ဖို့ဒ်ရဲ့ထိန်းချုပ်ကစားပုံကောင်းမွန်မှုကြောင့် အာဆင်နယ်အသင်း အခွင့်အရေးမယ်မယ်ရရမရခဲ့သလို ပွဲပြီးခါနီး အခွင့်အရေးကောင်းကိုလည်း မာတင်နယ်လီက ဖြုန်းတီးပစ်ခဲ့ပါတယ်။
ဘရန့်ဖို့ဒ်ကတော့ ဒီနှစ်ရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကောင်းကို ဆက်ထိန်းကာ အာဆင်နယ်ကို အကောင်းဆုံးဒုက္ခပေးသွားခဲ့ပါတယ်။
အာဆင်နယ်ကတော့ ယနေ့ည သရေနဲ့သာကျေနပ်ခဲ့တာကြောင့် မန်စီးတီးကို လေးမှတ်သာဖြတ်ထားနိုင်တဲ့အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။