The network connection is lost.

Banner Image

မန်စီးတီးကို အစွမ်းကုန်ယှဉ်ကစားခဲ့ပေမယ့် နောက်ကျပယ်နယ်တီကြောင့် ကံဆိုးသွားခဲ့တယ်လို့ ဗန်ဒိုက် ဖွင့်ဟ

အန်ဖီးလ်ကွင်းမှာ မန်စီးတီးကို ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် ပွဲချိန်တလျှောက်လုံး ပြိုင်ဘက်နဲ့အကြိတ်အနယ်ယှဉ်ပြိုင်ကစားနိုင်ခဲ့တယ်လို့ လီဗာပူးလ်အသင်းခေါင်းဆောင်ဗန်ဒိုက်က ပြောပါတယ်။

ဒီပွဲစဉ်မှာ မန်စီးတီးက ဟာလန်းရဲ့နာကျင်အချိန်ပိုပယ်နယ်တီသွင်းဂိုးဖြင့် ပြိုင်ဘက်ကို အနိုင်ယူခဲ့ပါတယ်။

ပွဲစဉ်အပြီး ဗန်ဒိုက်က "ပထမပိုင်းမှာတော့ ဘောလုံးကို မန်စီးတီးအသင်း ပိုပြီးထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ တိုက်ရိုက်ကစားကွက်နဲ့ သူတို့ဘက်ကို ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် လုံလောက်တဲ့ အနေအထားမျိုး မရှိခဲ့ဘူး"လို့ သုံးသပ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်ဟာ ပိုပြီးကောင်းမွန်လာခဲ့သလို ဆိုဘိုဆလိုင်းရဲ့ အံ့အားသင့်ဖွယ်ဖရီးကစ်ကန်ချက်နဲ့အတူ ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီးက ပြန်လည်ဖိအားပေးလာပြီး ဘာနာဒိုဆေးလ်ဗားရဲ့ချေပဂိုးကို ပြန်လည်ရရှိခဲ့ပါတယ်။ဒီနောက်မှာ လီဗာပူးရော၊ မန်စီးတီးပါ အနိုင်ဂိုးရဖို့ ကြိုးစားနေချိန် ပယ်နယ်တီအခွင့်အရေးပေါ်ပေါက်လာမှုကြောင့် ပွဲရလဒ်အတွက် အဆုံးအဖြတ်ဖြစ်သွားခဲ့တယ်လို့ ဗန်ဒိုက်က ဆိုပါတယ်။

"မန်စီးတီးလိုအသင်းမျိုးကို အမြဲတမ်းထိန်းချုပ်ထားဖို့ဆိုတာ မလွယ်ကူပါဘူး။ အထူးသဖြင့် သူတို့ ဂိုးပေးလိုက်ရတဲ့အချိန်မှာ ပိုပြီး ဖိအားပေးလာတတ်ပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ့အပြင် မန်စီးတီးဟာ ကွင်းလယ်ပိုင်းမှာ ကစားသမားတွေ စုဖွဲ့ပြီး ၄-၄-၂ ပုံစံမျိုးနဲ့ ကစားတာကြောင့် ကစားသမားအချင်းချင်းဆက်သွယ်မှုကောင်းမွန်ဖို့ လိုအပ်သလို အမြဲတမ်းလည်း အဆင်သင့်ဖြစ်နေရမယ်လို့ ရှင်းပြခဲ့ပါတယ်။

ဗန်ဒိုက်က "ကျွန်တော့်အထင် နှစ်သင်းစလုံးက အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြတာပါ။ ဒါပေမဲ့ အခြေအနေအမျိုးမျိုးနဲ့ ဆုံးဖြတ်ချက်အချို့က ပွဲရလဒ်ကို ပြောင်းလဲသွားစေခဲ့တာပါ" လို့ ဖွင့်ဟခဲ့ပါတယ်။

ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ သူက "ဒါက ကျွန်တော်တို့ ထိန်းချုပ်လို့မရတဲ့ အရာပါ။ နူးနက်စ်ရဲ့ ပယ်နယ်တီအခြေအနေမှာ သူက အရမ်းမြန်နေတော့ ဒိုင်က ပေးရင်လည်း ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်အပြစ်တင်ရပါမယ်။လာမယ့်ပွဲစဉ်မှာ အခုရာသီ၊ အိမ်ကွင်းရှုံးပွဲလုံး၀မရှိသေးတဲ့ ဆန်းဒါးလန်းနဲ့ရင်ဆိုင်ရဖို့ရှိနေလို့ ကျွန်တော်တို့ရဲ့အာရုံစိုက်မှုကို အလျှင်အမြန်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့စိန်ခေါ်မှုတစ်ခု စောင့်ကြိုနေပါပြီ"လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဗန်ဒိုက်က "ဒါဟာ သင်ယူမှုလုပ်ငန်းစဉ်တစ်ခုပါပဲ။ ဒုတိယပိုင်းမှာ တိုးတက်လာတယ်လို့ ခံစားရပေမယ့် ပထမပိုင်းမှာတော့ ပြိုင်ဘက်ကို ကောင်းကောင်းမထိန်းချုပ်နိုင်ဘဲ ပိုကောင်းအောင် လု်ပနိုင်ခဲ့သင့်တယ်။ ကံမကောင်းစွာနဲ့ဘဲ ပယ်နယ်တီက အခုပွဲစဉ်အတွက် အဆုံးအဖြတ်အခိုက်အတန့် ဖြစ်သွားပါတယ်" လို့ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။